ထွက်မြောက် 21:26 - Common Language Bible26 ``သခင်ကကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ ၏မျက်စိကိုရိုက်သဖြင့် မျက်စိပျက်လျှင်မျက်စိ အတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ်မြောက် ခွင့်ပေးစေ။- အခန်းကိုကြည့်ပါ။Garrad Bible26 သ ခင် သည် ကျွန် ယောက်ျား၊ ကျွန် မိန်း မ၏ မျက် စိ ကို ပျက် အောင် ရိုက် လျှင် မျက် စိ ပျက် ရ သည့် အ တွက် အ လွတ် ထွက် သွား ခွင့် ပေး စေ။ အခန်းကိုကြည့်ပါ။Judson Bible26 သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 တစ်စုံတစ်ဦးသည် မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမ၏မျက်စိကိုထိုး၍ သူ၏မျက်စိပျက်စီးသွားလျှင် သူ၏မျက်စိအတွက် သူ့ကိုလွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ပြုရမည်။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်လည်းယုဒအမျိုးသားများ ပင်မဟုတ်ပါလော။ ငါတို့သားသမီးများ သည်လည်းသူတို့သားသမီးများထက်မညံ့ ပါ။ သို့ရာတွင်ငါတို့သည်ငါတို့သားသမီး များကိုကျွန်ခံစေကြရပါ၏။ သမီးအချို့ ကိုလည်းကျွန်အဖြစ်ရောင်းချလိုက်ရလေ ပြီ။ ငါတို့အဘယ်သို့မျှမတတ်နိုင်။ ငါ တို့လယ်များနှင့်စပျစ်ဥယျာဉ်များသည် သူတစ်ပါးလက်သို့ရောက်လေပြီတကား'' ဟုဆိုကြ၏။