ထွက်မြောက် 21:25 - Common Language Bible မီးလောင်ခြင်းအစားမီးလောင်ခြင်း၊ ထိရှ ခြင်းအစားထိရှခြင်း၊ ဒဏ်ရာအစားဒဏ် ရာကိုခံစေရမည်။ Garrad Bible ခြေ အ စား ခြေ၊ မီး လောင် ခြင်း အ စား မီး လောင် ခြင်း၊ ထိ ရှ ခြင်း အ စား ထိ ရှ ခြင်း၊ ဒဏ် ရာ အ စား ဒဏ် ရာ များ ကို ခံ စေ။ Judson Bible မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကိုလည်းကောင်း၊ ရှနခြင်းအတွက် ရှနခြင်းကိုလည်းကောင်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကိုလည်းကောင်း ခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း မီးလောင်ခြင်းအတွက် မီးလောင်ခြင်း၊ ထိခိုက်ဒဏ်ရာအတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာအတွက် ပွန်းပဲ့ဒဏ်ရာ ပြန်ပေးဆပ်ရမည်။ |
``သခင်ကကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ ၏မျက်စိကိုရိုက်သဖြင့် မျက်စိပျက်လျှင်မျက်စိ အတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ်မြောက် ခွင့်ပေးစေ။-
``အခြားသူတစ်ဦးအားထိခိုက်နာကျင် စေသောသူသည်ကိုယ်တိုင်လည်းထိုအတိုင်း ခံစေရမည်။-
ယင်းသို့သောအမှုများကိုစီရင်ရာ၌သနား ညှာတာမှုမရှိစေရ။ သူတစ်ပါးအသက်ကို သတ်လျှင် သေစားသေစေ။ မျက်စိကိုဖျက်လျှင် မျက်စိဖျက်ခံစေ။ သွားကိုချိုးလျှင်သွားချိုး ခံစေ။ လက်ကိုချိုးလျှင်လက်ချိုးခံစေ။ ခြေ ကိုချိုးလျှင်ခြေချိုးခံစေ။''