အကယ်၍နွားပိုင်ရှင်သည်မိမိအသက် ချမ်းသာရန်အတွက်လျော်ကြေးပေးခွင့် ရလျှင် တောင်းဆိုသမျှလျော်ကြေးကိုပေး ဆောင်ရမည်။-
ထွက်မြောက် 21:22 - Common Language Bible ``လူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားနေစဉ် ကိုယ်ဝန်ဆောင်မိန်းမကိုထိခိုက်မိသဖြင့် ကိုယ် ဝန်ပျက်သော်လည်းဒဏ်ရာမရစေလျှင်၊ ထိ ခိုက်နာကျင်စေသောသူကထိုမိန်းမ၏လင် ယောကျာ်းတောင်းဆိုသမျှလျော်ကြေးကို တရားသူကြီးများ၏သဘောတူညီချက် ဖြင့်ပေးရမည်။- Garrad Bible လူ ချင်း သတ် ပုတ် လုံး ထွေး ရာ တွင် ကိုယ် ဝန် ဆောင် မိန်း မ ကို ထိ ခိုက် မိ သ ဖြင့် သား ပျက် သည် မှ တစ် ပါး အ န္တ ရာယ် မ ဖြစ် လျှင် လင် တောင်း သည့် လျော် ငွေ ကို စုံ ရာ သ မာ ဓိ တို့ စီ ရင် သည့် အ တိုင်း ပေး စေ။ Judson Bible လူချင်းခိုက်ရန်ပြုကြ၍၊ ကိုယ်ဝန်ဆောင်သောမိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကိုလျော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အချင်းချင်းရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကိုရိုက်မိသဖြင့် ကိုယ်ဝန်ပျက်ကျသော်လည်း အန္တရာယ်မဖြစ်လျှင် သူ၏ယောက်ျားတောင်းဆိုသည့်အတိုင်း မုချဒဏ်ဆောင်ရမည်။ တရားစီရင်ချက်များအတိုင်း ပေးရမည်။ |
အကယ်၍နွားပိုင်ရှင်သည်မိမိအသက် ချမ်းသာရန်အတွက်လျော်ကြေးပေးခွင့် ရလျှင် တောင်းဆိုသမျှလျော်ကြေးကိုပေး ဆောင်ရမည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-