ဣဇာက်က``ငါ့သား၊ အမဲကောင်အရမြန်လှ ပါတကား'' ဟုဆို၏။ ယာကုပ်က``အဖ၏ဘုရားသခင်ထာဝရ ဘုရားစောင်မခြင်းကြောင့်အမဲကောင်ကို အမြန်ရပါသည်'' ဟုပြန်ဖြေ၏။
ထွက်မြောက် 20:7 - Common Language Bible ``သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမကိုအလွဲသုံးစားမပြုရ။ ထိုသို့ အလွဲသုံးစားပြုသူအားငါဒဏ်ခတ် မည်။ Garrad Bible သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို မ ထီ မဲ့ မြင် ပြု၍ မ သုံး နှင့်။ နာ မ တော် ကို မ ထီ မဲ့ မြင် ပြု၍ သုံး သူ၌ အ ပြစ် မ ရှိ ဟု ငါ ထာ ဝ ရ ဘု ရား မှတ် တော် မ မူ။ Judson Bible သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။ |
ဣဇာက်က``ငါ့သား၊ အမဲကောင်အရမြန်လှ ပါတကား'' ဟုဆို၏။ ယာကုပ်က``အဖ၏ဘုရားသခင်ထာဝရ ဘုရားစောင်မခြင်းကြောင့်အမဲကောင်ကို အမြန်ရပါသည်'' ဟုပြန်ဖြေ၏။
သို့ရာတွင်သင်သည်သူ့ကိုအပြစ်ဒဏ်မစီ ရင်ဘဲမနေနှင့်။ ပြုရမည့်အမှုကိုသင်သိ သည်အတိုင်းသူ့အားသေဒဏ်စီရင်ရမည်'' ဟုမှာကြားတော်မူ၏။
ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊-
သူတို့သည်ကိုယ်တော်ရှင်၏အကြောင်းတော်ကို ယုတ်မာစွာပြောဆိုကြပါ၏။ ကိုယ်တော်ရှင်၏နာမတော်ကိုပုတ်ခတ် ပြောဆိုကြပါ၏။
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
သို့ရာတွင်သင်တို့သည်စိတ်သဘောထား ပြောင်းလဲကြပြန်၍ငါ့အားအသရေဖျက် ကြ၏။ သင်တို့အားလုံးပင်မိမိတို့လွတ်လပ် ခွင့်ပေးခဲ့ကြသည့်ကျေးကျွန်များကို ပြန် လည်ခေါ်ယူကာအတင်းအကြပ်ကျွန်ခံ စေကြပြန်၏။-
ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကတိတည်ရန်မရည်ရွယ်ဘဲနှင့် ငါ၏နာမ တော်ကိုတိုင်တည်၍ကတိမပေးရ။ ထိုသို့ပြု ခြင်းဖြင့်ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်ကိုသာဝတ်ပြု ကိုးကွယ်ရမည်။ ထာဝရဘုရားကိုသစ္စာ စောင့်၍ နာမတော်ကိုသာတိုင်တည်လျက် သစ္စာဆိုရမည်။-
`` `သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုအလွဲသုံးစားပြုသူအားဒဏ် ခတ်တော်မူမည်ဖြစ်သောကြောင့် ကိုယ်တော်၏ နာမတော်ကိုအလွဲသုံးစားမပြုနှင့်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်ကိုသာကိုး ကွယ်လော့။ ကိုယ်တော်၏နာမတော်ကိုသာ တိုင်တည်လျက်ကတိသစ္စာပြုလော့။-
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့်ကျိန်ဆိုမှု ကိုမပြုကြနှင့်။ ကောင်းကင်ဘုံသို့မဟုတ် ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုနှင့်။ အဘယ်အရာကိုမျှတိုင်တည်၍မကျိန်ဆို နှင့်။ သင်တို့စကားသည်ဟုတ်လျှင်ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်လျှင်မဟုတ်ဟူ၍ လည်းကောင်းဖြစ်စေကြလော့။ သို့ပြုလျှင် သင်တို့သည်ဘုရားသခင်၏တရားစီရင် တော်မူခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။
ကျွန်မသည်သင်တို့ကိုကျေးဇူးပြုသကဲ့ သို့ကျွန်မ၏မိသားစုကိုလည်း ကျေးဇူးပြု ပါမည်ဟုထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုကြပါလော့။ ကျွန်မသည်သင်တို့ ကိုယုံကြည်စိတ်ချနိုင်ကြောင်းသက်သေအထောက်အထားတစ်ခုခုကိုပေးပါလော့။-
ငါတို့ပြုထားသောကတိသစ္စာကြောင့်သူ တို့ကိုအသက်ချမ်းသာခွင့်ပေးရမည်။ ငါ တို့ကတိမတည်လျှင်ဘုရားသခင်သည် ငါတို့အားဒဏ်ခတ်တော်မူလိမ့်မည်။-