အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
ထွက်မြောက် 20:20 - Common Language Bible ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။- Garrad Bible မော ရှေ က၊ မ ကြောက် ကြ လင့်။ သင် တို့ ကို စုံ စမ်း ခြင်း ငှါ လည်း ကောင်း၊ ဘု ရား သ ခင် ကို ခန့် ညား သော သ ဘော ရှိ၍ မ ပြစ် မှား ကြ စေ ခြင်း ငှါ လည်း ကောင်း၊ ဘု ရား သ ခင် ကြွ လာ တော် မူ ပြီ ဟု လူ မျိုး အား ပြော ဆို ပြီး လျှင်၊ Judson Bible မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကိုကြောက်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အားပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း လူတို့အား “မကြောက်ကြနှင့်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍ အပြစ်မပြုမည့်အကြောင်း ဘုရားသခင်သည် သင်တို့ကို စမ်းသပ်ရန် ကြွလာတော်မူ၏”ဟု ဆိုလေ၏။ |
အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။
ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။
ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
ထိုအခါမောရှေက``မကြောက်ကြနှင့်။ ကြံ့ ကြံ့ခိုင်ခိုင်ရှိစေကြလော့။ ထာဝရဘုရား သည်ယနေ့တွင် သင်တို့အားမည်ကဲ့သို့ကယ် တင်တော်မူမည်ကိုမြင်ရလိမ့်မည်။ သင်တို့ ယနေ့မြင်ရသောအီဂျစ်အမျိုးသားတို့ ကို နောင်မည်သည့်အခါမျှမြင်ရလိမ့်မည် မဟုတ်။-
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍ သင်တို့ကိုခွန်အားနှင့်ပြည့်ဝစေပါ၏။ `မကြောက်ကြနှင့်၊ငါကူမတော်မူမည်' ဟု သင်တို့အားပြောဆို၏'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်မြင့် မြတ်သန့်ရှင်းတော်မူကြောင်းကိုမမေ့မလျော့ နှင့်။ သင်ကြောက်ရမည့်သူကားငါပင်တည်း။-
``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-
ထိုသူ၏စကားကိုနားမထောင်ရ။ သင်တို့ သည်ထာဝရဘုရားအား ကိုယ်စိတ်နှလုံး ဖြင့်ချစ်သည်မချစ်သည်ကိုသိနိုင်ရန် သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူအားဖြင့်သင်တို့ကိုစစ်ဆေးခြင်း ဖြစ်၏။-
သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''
သင်တို့နှင့်သင်တို့၏အဆက်အနွယ်တို့သည် အသက်ရှင်သမျှကာလပတ်လုံးသင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ ရိုသေရကြမည်။ သင်တို့သည်ထိုပြည်တွင် ကြာရှည်စွာနေထိုင်နိုင်ရန် ငါပေးသော ပညတ်တော်ရှိသမျှတို့ကိုနားထောင်၍ စောင့်ထိန်းကြလော့။-
ထိုနောက်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ပညတ်အလုံးစုံတို့ကိုလိုက် နာကျင့်သုံးရန်လည်းကောင်း၊ ကိုယ်တော်အား ကြောက်ရွံ့ရိုသေရန်လည်းကောင်းပြဋ္ဌာန်း တော်မူ၏။-
တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-
ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
ရှမွေလက``မကြောက်ကြနှင့်။ သင်တို့သည် ဤသို့ဆိုးယုတ်သည့်အမှုကိုပြုခဲ့မိသော် လည်း ထာဝရဘုရားကိုမစွန့်ပယ်ကြနှင့်။ ကိုယ်တော်အားစိတ်နှလုံးအကြွင်းမဲ့ဝတ်ပြု ကိုးကွယ်ကြလော့။-