ကိုယ်တော်အားသူတို့ပြစ်မှားပုန်ကန်သည့် အပြစ်မှန်သမျှကိုဖြေလွှတ်တော်မူပါ။ ရန်သူများသည်သူတို့အားသနားကြင် နာကြပါစေသော။-
ထွက်မြောက် 2:6 - Common Language Bible ဖာရောဘုရင်၏သမီးတော်သည်ခြင်းတောင်း ကိုဖွင့်ကြည့်သောအခါ၊ ငိုလျက်နေသောသူ ငယ်ကိုမြင်ရသော်ကလေးကိုသနားကြင် နာ၍``ဤကလေးသည်ဟေဗြဲအမျိုးသား ကလေးဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ Garrad Bible ကြုတ် ကို ဖွင့် သော အ ခါ ငို လျက် နေ သော ထို သူ ငယ် ကို မြင် သ ဖြင့် သ နား၍ ဤ သူ ငယ် ကား ဟေ ဗြဲ အ မျိုး ဖြစ် လေ စွ ဟု ဆို သော်၊ Judson Bible ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊ မြန်မာ့စံမီသမ္မာကျမ်း ဖာတောင်းကိုဖွင့်သောအခါ ငိုနေသောကလေးသူငယ်ကိုမြင်လျှင် သူ့ကိုသနားလျက် “ဤသူငယ်သည် ဟေဗြဲကလေးဖြစ်၏”ဟု ဆို၏။ |
ကိုယ်တော်အားသူတို့ပြစ်မှားပုန်ကန်သည့် အပြစ်မှန်သမျှကိုဖြေလွှတ်တော်မူပါ။ ရန်သူများသည်သူတို့အားသနားကြင် နာကြပါစေသော။-
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
ဖာရောဘုရင်၏သမီးတော်သည်ရေချိုးရန် မြစ်ထဲသို့ဆင်းလာစဉ်၊ သူ၏အခြွေအရံတို့ ကမြစ်ကမ်းပေါ်တွင်လမ်းလျှောက်၍စောင့်ကြပ် နေကြ၏။ သမီးတော်သည်ကိုင်းတောထဲ၌ ခြင်းတောင်းကိုမြင်လျှင်၊ ကျွန်မတစ်ယောက် ကိုလွှတ်၍ထိုခြင်းတောင်းကိုယူခဲ့စေ၏။-
ထိုအခါကလေး၏အစ်မက``အရှင်မ အတွက် ဟေဗြဲနို့ထိန်းတစ်ဦးခေါ်ပေးရ ပါမည်လော'' ဟုမေးလျှင်၊
ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
သူသည်အိမ်ပြင်တွင်ပစ်ထားခြင်းခံရသော အခါ ဖာရောဘုရင်၏သမီးတော်ကသူ့အား သားအဖြစ်မွေးစားလေသည်။-
နောက်ဆုံးဖော်ပြလိုသည်မှာ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာ ထောက်ထား၍တစ်ယောက်ကိုတစ်ယောက် ညီ ရင်းအစ်ကိုကဲ့သို့ချစ်ကြလော့။ ကြင်နာ သနားတတ်သောသဘော၊ နှိမ့်ချတတ်သော သဘောရှိကြလော့။-