ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။
ထွက်မြောက် 2:22 - Common Language Bible ဇိပေါရသည်သားတစ်ယောက်ကိုဖွားမြင်သော အခါ၊ မောရှေက``ငါသည်တစ်ရပ်တစ်ကျေးတွင် ဧည့်သည်ဖြစ်ရပါသည်'' ဟုဆို၍ထိုသားကို ဂေရရှုံဟုနာမည်မှည့်လေ၏။ Garrad Bible ထို မိန်း မ သား ယောက်ျား ကို ဖွား လျှင် မော ရှေ က၊ သူ စိမ်း ပြည် တွင် ငါဧည့် သည် ဖြစ် သည် ဟု ဆို လျက် ဂေ ရ ရှုံ အ မည် ဖြင့် မှည့် လေ ၏။ Judson Bible ထိုမိန်းမဖွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဇိပေါရသည် သားကိုမွေးဖွားလျှင် မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂေရရှုံ ဟုမှည့်ခေါ်၏။ |
ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။
တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည် ဘိုးဘေးများနည်းတူပြည်နှင်ဒဏ်ခံရ ကြသူများနှင့်သူစိမ်းတစ်ရံဆံများကဲ့ သို့ဤဘဝတွင်ကျင်လည်ရကြကြောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော် မျိုးတို့၏နေ့ရက်များသည်ရှည်လျား လျက်နေသောအရိပ်ကဲ့သို့ဖြစ်၍ ကျွန် တော်မျိုးတို့သည်သေဘေးနှင့်မလွတ် နိုင်ကြပါ။-
ကွန်တော်မျိုးသည်ဤကမ္ဘာမြေပေ"တွင် ခေတ္တခဏမှသာနေရပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို ကွန်တော်မျိုးထံမှဝှက်ထားတော်မမူပါ နှင့်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးငိုယိုသောအခါကူမရန်ကြွ တော်မူပါ။ ဘိုးဘေးတို့ကဲ့သို့ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဧည့်သည်အဖြစ်နှင့် ခဏမျှသာနေရပါ၏။
မင်းသမီးအားပြန်အပ်နိုင်သည့်အရွယ်သို့ ရောက်သောအခါ၊ မိခင်သည်ကလေးကိုမင်း သမီးထံသို့ပြန်အပ်ရာ၊ မင်းသမီးက ထို ကလေးငယ်ကိုသားအဖြစ်မွေးစား၍``ငါ သည်သူငယ်ကိုရေထဲမှထုတ်ယူရသည်'' ဟု ဆိုလျက်မောရှေဟုနာမည်မှည့်လေ၏။
``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးကြောင်း သတိရလျက်အခြား အမျိုးသားများကိုမနှိပ်စက်မညှင်းဆဲရ။-
သို့ဖြစ်၍မောရှေသည်သူ၏မယားနှင့်သား တို့ကိုမြည်းပေါ်တွင်တင်၍၊ ထာဝရဘုရား ဆောင်ထားစေသောတောင်ဝှေးကိုလက်ထဲတွင် ကိုင်ဆောင်လျက်အီဂျစ်ပြည်သို့ထွက်ခွာခဲ့ လေသည်။
မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။
မောရှေသည်ထိုစကားကိုကြားသောအခါ အီဂျစ်ပြည်မှထွက်ပြေး၍မိဒျန်ပြည်တွင် နေထိုင်လေသည်။ သူသည်ထိုပြည်တွင်သား နှစ်ယောက်ကိုရ၏။
ဒန်အမျိုးသားတို့သည်မိက္ခာပြုလုပ်သည့်ရုပ် တုကိုတည်ထားပြီးလျှင် ဝတ်ပြုကိုးကွယ် ကြလေသည်။ မောရှေ၏မြေး၊ ဂေရရှုံ၏ သားယောနသန်က သူတို့၏ယဇ်ပုရော ဟိတ်အဖြစ်ဖြင့်ဆောင်ရွက်လေသည်။ သူ၏ သားစဉ်မြေးဆက်တို့သည်လည်း ဣသရေလ အမျိုးသားတို့ဖမ်းဆီးသိမ်းသွားခြင်း ခံရချိန်တိုင်အောင် သူတို့၏ယဇ်ပုရော ဟိတ်များအဖြစ်ဖြင့်ဆောင်ရွက်ကြ၏။-
ဟန္နသည်ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွား မြင်လေသည်။ သူက``ငါသည်ထာဝရဘုရား အားတောင်းခံသဖြင့်ဤသားကိုရ၏'' ဟုဆို ပြီးလျှင်ရှမွေလဟုနာမည်မှည့်လေသည်။