သူတို့က``အီဂျစ်ပြည်သားတစ်ယောက်က ကျွန်မတို့အား သိုးထိန်းတို့ရန်မှကာကွယ် ပေးသည့်အပြင်ကျွန်မတို့၏သိုးဆိတ်များ အတွက်ရေခပ်၍တိုက်ပါသည်'' ဟုပြန်ဖြေ ကြ၏။
ထွက်မြောက် 2:18 - Common Language Bible အမျိုးသမီးတို့သည်ဖခင်ယေသရောထံသို့ ပြန်ရောက်လာကြသောအခါ၊ ဖခင်က``သင်တို့ ယနေ့အိမ်သို့အပြန်စောလှချည့်လား'' ဟု ဆိုလေ၏။ Garrad Bible ၎င်း သ မီး တို့ သည် အ ဘ ရွေ လ ထံ ရောက် ကြ လျှင် အ ဘ က၊ အ ဘယ် ကြောင့် ယ နေ့ အ မြန် ရောက် လာ ကြ သ နည်း ဟု မေး သော်၊ Judson Bible ထိုမိန်းမတို့သည် အဘရွေလထံသို့ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန်ရောက်လာရကြသနည်းဟု မေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဖခင်ရွေလထံသို့ ပြန်ရောက်သော် ဖခင်က “ယနေ့ သင်တို့ အဘယ်ကြောင့် စောစောပြန်ရောက်ကြသနည်း”ဟု မေးလေ၏။ |
သူတို့က``အီဂျစ်ပြည်သားတစ်ယောက်က ကျွန်မတို့အား သိုးထိန်းတို့ရန်မှကာကွယ် ပေးသည့်အပြင်ကျွန်မတို့၏သိုးဆိတ်များ အတွက်ရေခပ်၍တိုက်ပါသည်'' ဟုပြန်ဖြေ ကြ၏။
မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။-
မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။
ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။-
လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။