ထိုသူတို့ခိဒုန်ကောက်နယ်တလင်းသို့ရောက် သောအခါနွားတို့သည်ခြေချော်လဲသဖြင့် သြဇသည်လက်ကိုဆန့်၍ပဋိညာဉ်သေတ္တာ တော်ကိုထိန်းထားလိုက်၏။-
ထွက်မြောက် 19:24 - Common Language Bible ထာဝရဘုရားက``သင်သည်တောင်အောက် သို့ဆင်း၍ အာရုန်ကိုခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်များနှင့်လူတို့ကိုမူကား ငါ့ထံ သို့ဝင်ခြင်းငှာစည်းကိုမဖြတ်ကျော်စေရ။ စည်းကိုဖောက်ဖျက်လျှင်သူတို့ကိုဒဏ်ခတ် မည်'' ဟုမိန့်တော်မူ၏။- Garrad Bible ဆင်း သွား ဦး။ သင် နှင့် အာ ရုန် သာ တက် ရ မည်။ ငါ ထာ ဝ ရ ဘု ရား ဒဏ် မ ခတ် ရ စေ ရန် ပ ရော ဟိတ် များ နှင့် လူ မျိုး သည် ငါ့ ထံ တက် လို၍ မ ကျော် မ၀င် စေ နှင့် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့် အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကိုဒဏ်ခတ်တော်မူမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကလည်း “သွားလော့။ ဆင်းသွားလော့။ သင်သည် အာရုန်ကို သင်နှင့်အတူတက်လာစေရမည်။ သို့သော် ယဇ်ပုရောဟိတ်များနှင့်လူတို့ကို စည်းကျော်ဝင်၍ ငါထာဝရဘုရားထံသို့မတက်လာစေနှင့်။ တက်လာလျှင် သူတို့ကို ဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။ |
ထိုသူတို့ခိဒုန်ကောက်နယ်တလင်းသို့ရောက် သောအခါနွားတို့သည်ခြေချော်လဲသဖြင့် သြဇသည်လက်ကိုဆန့်၍ပဋိညာဉ်သေတ္တာ တော်ကိုထိန်းထားလိုက်၏။-
သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
ထိုအခါမောရှေသည်တောင်အောက်သို့ဆင်း ၍ ထာဝရဘုရားမိန့်မှာသမျှကိုလူတို့ အားပြောကြားလေ၏။
ထာဝရဘုရားကမောရှေအား``သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်ခုနစ်ဆယ်တို့ကို ခေါ်ဆောင်၍ ထာဝရဘုရားထံတော်၊ တောင် ပေါ်သို့တက်လာလော့။ သင်တို့သည်ခပ်လှမ်း လှမ်းနေရာမှငါ့အားပျပ်ဝပ်ကိုးကွယ် ကြလော့။-
မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်တို့သည် တောင်ပေါ်သို့တက်၍၊-
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။-
ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
``ယောဟန်မပေါ်မီကာလကပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများအာဏာတည်လျက်ရှိ ၏။ ယောဟန်ပေါ်ပြီးချိန်မှစ၍ဘုရားသခင်၏ နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောကြေညာခဲ့၏။ လူအပေါင်းတို့သည်လည်း နိုင်ငံတော်သို့အနိုင်အထက်ဝင်ကြကုန်၏။-
ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
ပညတ်တရားသည်ဘုရားသခင်၏အမျက် တော်ကိုဖြစ်ပွားစေ၏။ သို့ရာတွင်တရား ဥပဒေမရှိလျှင်တရားဥပဒေကိုချိုး ဖောက်ခြင်းလည်းမရှိနိုင်။
ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။-
သို့ရာတွင်ကမ္ဘာလောကတစ်ခုလုံးပင်အပြစ် ဒုစရိုက်၏လက်အောက်တွင်ရောက်ရှိနေကြောင်း ကျမ်းစာတော်တွင်ဖော်ပြထားပေသည်။ သို့ဖြစ် ၍ယေရှုခရစ်ကိုယုံကြည်မှု၌အခြေခံသည့် ကတိတော်ဆိုင်ရာဆုကျေးဇူးကိုယုံကြည် သူတို့ခံစားခွင့်ရရှိကြ၏။
အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။
သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။