ထိုနောက်မောရှေသည်တောင်ပေါ်မှဆင်းလာ ၍ လူတို့အားဝတ်ပြုကိုးကွယ်ရန်ပြင်ဆင် စေ၏။ ထိုကြောင့်သူတို့သည်အဝတ်များ ကိုဖွပ်လျှော်ကြ၏။-
ထွက်မြောက် 19:13 - Common Language Bible ထိုသူကိုမည်သူမျှလက်နှင့်မထိရဘဲ ကျောက်ခဲနှင့်ဖြစ်စေ၊ မြားနှင့်ဖြစ်စေပစ်၍ သတ်ရမည်။ အဆိုပါပညတ်ချက်ကိုကူး လွန်ခဲ့လျှင်လူသော်လည်းကောင်း၊ တိရစ္ဆာန် သော်လည်းကောင်းသေဒဏ်ခံရမည်။ တံပိုး မှုတ်သံကိုကြားရသောအခါလူတို့သည် တောင်သို့လာရကြမည်'' ဟုမိန့်တော်မူ ၏။ Garrad Bible တောင် ကို ထိ မိ သူ မည် သည် ကား အ သေ ခံ စေ။ ထို သူ့ ကို လက် နှင့် မ ထိ ရ ဘဲ ကျောက် ခဲ နှင့် သော် လည်း ကောင်း၊ မြှား နှင့် သော် လည်း ကောင်း၊ ပစ် သတ် ရ မည်။ လူ ဖြစ် စေ၊ တိ ရ စ္ဆာန် ဖြစ် စေ၊ အ သက် မ ရှင် စေ ရ။ သိုး ချို တံ ပိုး မှုတ် မှ သာ တောင် ကို တက် ကြ ရ မည် ဟု မော ရှေ အား မိန့် တော် မူ ၏။ Judson Bible ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရကြမည်ဟု မောရှေအား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူကို လက်ဖြင့်မထိဘဲ စင်စစ်ခဲနှင့်ပေါက်သတ်ရမည်။ သို့မဟုတ် မြားနှင့်ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ။ သိုးချိုကို သံရှည်ဆွဲ၍မှုတ်မှသာ လူတို့သည် ဤတောင်သို့လာကြရမည်”ဟု မိန့်တော်မူ၏။ |
ထိုနောက်မောရှေသည်တောင်ပေါ်မှဆင်းလာ ၍ လူတို့အားဝတ်ပြုကိုးကွယ်ရန်ပြင်ဆင် စေ၏။ ထိုကြောင့်သူတို့သည်အဝတ်များ ကိုဖွပ်လျှော်ကြ၏။-
တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
ဘုရားသခင်ကိုဖူးတွေ့ရန်မောရှေသည် လူတို့ကိုစခန်းမှခေါ်ဆောင်လာသဖြင့်၊ သူတို့သည်တောင်ခြေ၌ရပ်နေကြ၏။-
တံပိုးမှုတ်သံသည်လည်းပို၍ကျယ်လာ၏။ မောရှေလျှောက်ဆိုသည့်အခါ ဘုရားသခင် သည်မိုးကြိုးသံဖြင့်ဖြေကြားတော်မူ၏။-
သင်နှင့်အတူမည်သူမျှတောင်ပေါ်သို့ မတက်ရ။ တစ်တောင်လုံးတွင်လူမရှိစေ ရ။ တောင်ခြေ၌သိုးနွားများကိုမ ကျောင်းရ'' ဟုမိန့်တော်မူ၏။-
ကြွေးကြော်အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း ၏ဟစ်သံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှဆင်းသက်ကြွလာတော်မူလိမ့် မည်။ ခရစ်တော်ကိုယုံကြည်၍သေလွန်သူများ သည်ဦးစွာရှင်ပြန်ထမြောက်ကြလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်သူတို့သည်``တိရစ္ဆာန် ပင်ဖြစ်စေကာမူထိုတောင်ကိုထိမိလျှင် ခဲနှင့်ပေါက်၍သတ်ရမည်'' ဟူသောအမိန့် တော်ကိုမခံယူဝံ့သောကြောင့်ဖြစ်၏။-
ထိုအခါတပ်ပုန်းသည်ဂိဗာမြို့ထဲသို့အလျင် အမြန်ဝင်ပြီးလျှင် လူဖြန့်၍ရှိသမျှသောမြို့ သူမြို့သားတို့အားလုပ်ကြံသတ်ဖြတ်ကြလေ သည်။-