ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
ထွက်မြောက် 19:10 - Common Language Bible ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊- Garrad Bible ထာ ဝ ရ ဘု ရား က၊ လူ မျိုး ရှိ ရာ သို့ ပြန် သွား၍ ယ နေ့ နှင့် နက် ဖြန် သူ တို့ ကို သန့် ရှင်း စေ လော့။ အ ဝတ် ကို ဖွပ် လျှော် ကြ စေ။ Judson Bible ထာဝရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့် နက်ဖြန်၌ သူတို့ကိုသန့်ရှင်းစေလော့။ သူတို့အဝတ်ကိုလျှော်စေ၍၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။ |
ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။
ယခုသင်သည်သူတို့အားဤသို့မှာကြား လော့။ သူတို့သည်နက်ဖြန်နေ့အတွက်မိမိ တို့ကိုယ်ကိုသန့်စင်စေရမည်။ သူတို့သည် အသားကိုစားရလိမ့်မည်။ သူတို့သည်အီဂျစ် ပြည်၌အသားကိုစားရကြောင်း၊ ယခုသူ တို့အသားကိုစားလို၍ညည်းညူနေကြောင်း ကို ထာဝရဘုရားကြားတော်မူပြီ။ ထာဝရ ဘုရားသည်သူတို့စားရန်အသားကိုပေး တော်မူမည်ဖြစ်၍သူတို့စားရလိမ့်မည်။-
သန့်စင်သူကမသန့်စင်သူကိုတတိယနေ့ နှင့် သတ္တမနေ့များတွင်ရေနှင့်ဖျန်းရမည်။ မ သန့်စင်သူအားသန့်စင်ခြင်းဝတ်ကိုပြုလုပ် ပေးရမည်။ သတ္တမနေ့တွင်သန့်စင်သူကမိမိ ၏အဝတ်များကိုဖွတ်လျှော်၍ ရေချိုးပြီး နောက်နေဝင်ချိန်တွင်သန့်စင်လာလိမ့်မည်။
သတ္တမနေ့တွင်သင်တို့၏အဝတ်အင်္ကျီ များကိုဖွပ်လျှော်ရမည်။ ထိုနောက်သင်တို့ သည်သန့်စင်ပြီဖြစ်သဖြင့် စခန်းအတွင်း သို့ပြန်လည်ဝင်ရောက်နိုင်သည်ဟူ၍ဖြစ် သည်'' ဟုဆိုလေ၏။
လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်ကို သန့်စင်စေ၍ အဝတ်များကိုလျှော်ဖွပ်ကြ ပြီးနောက် အာရုန်သည်သူတို့ကိုထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်ကပ်လေ၏။ သူတို့အတွက်သန့်စင် ခြင်းဝတ်ကိုလည်းဆောင်ရွက်၏။-
သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
ထိုနောက်ယောရှုကလူတို့အား``နက်ဖြန် နေ့တွင်ထာဝရဘုရားသည်သင်တို့အား အံ့ဖွယ်သောနိမိတ်လက္ခဏာကိုပြတော်မူ မည်ဖြစ်၍ သင်တို့ကိုယ်ကိုသန့်စင်စေကြ လော့'' ဟုညွှန်ကြားလေ၏။-
ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
မိမိတို့အဝတ်ကိုသန့်ရှင်းဖြူစင်အောင်လျှော်ဖွတ် သူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်အသက်ပင် ၏အသီးကိုစားသုံးနိုင်ခွင့်နှင့် မြို့တံခါးဖြင့်မြို့ တော်တွင်းသို့ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-
ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-
ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။