ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။-
ထွက်မြောက် 18:19 - Common Language Bible ငါသည်သင့်အားအကြံကောင်းပေးပါမည်။ ဘုရားသခင်သည်သင်နှင့်အတူရှိပါစေ သော။ သင်၏တာဝန်မှာလူတို့၏အငြင်းပွား မှုများကို သူတို့၏ကိုယ်စားဘုရားသခင် ထံတော်သို့တင်လျှောက်ပေးခြင်းမှာကောင်း ပေသည်။- Garrad Bible ငါ့ စ ကား ကို နာ ခံ လော့။ ဘု ရား သ ခင် သည် သင် နှင့် အ တူ ရှိ တော် မူ စေ ရန် ငါ အ ကြံ ပေး မည်။ သင် သည် လူ မျိုး အ ဖို့ ဘု ရား သ ခင့် ကိုယ် စား ပြု လျက် ၎င်း အ မှု များ ကို ဘုရား သ ခင့် အ ထံ တော် သို့ တင် သွင်း ၍၊ Judson Bible ငါ့စကားကိုနားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သောအမှု၌ လူများတို့၏အမှုကိုစောင့်လျက် ဘုရားသခင်အထံတော်သို့ဝင်၍ လျှောက်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ယခု ငါ့စကားကို နားထောင်လော့။ သင့်ကို ငါအကြံပေးမည်။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ သင်သည် ဘုရားသခင်၏ရှေ့တော်၌ လူတို့၏ကိုယ်စားဖြစ်၍ ဘုရားသခင်ထံသို့အမှုအခင်းများကို တင်သွင်းရမည်။ |
ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။-
အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။
မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။-
သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။-
သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။
ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
သင်ယခုသွားလော့။ သင့်အားနှုတ်သတ္တိကို ငါပေးမည်။ သင်မည်ကဲ့သို့ပြောရမည်ကို ငါသွန်သင်မည်'' ဟုမိန့်တော်မူ၏။
သူသည်ဣသရေလအမျိုးသားတို့အားပြော ပြစရာရှိသမျှကို သင့်ကိုယ်စားပြောလိမ့်မည်။ သူသည်သင်၏ပြောရေးဆိုခွင့်ရှိသူဖြစ်လိမ့် မည်။ သူသည်လည်းသင်ပြောသမျှကိုဘုရား အမိန့်ကဲ့သို့ခံယူလိမ့်မည်။-
ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
ထိုအခါမောရှေသည်သူတို့၏တောင်းဆို ချက်ကို ထာဝရဘုရားထံတင်လျှောက် ရာ၊-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
``သင်တို့သည်ရန်သူကိုချီတက်တိုက်ခိုက် ရာ၌ သင်တို့ထက်အင်အားကြီးမားသော ရထားတပ်၊ မြင်းတပ်နှင့်ခြေလျင်တပ်တို့ နှင့်ရင်ဆိုင်ရသောအခါမကြောက်ကြနှင့်။ သင်တို့ကိုအီဂျစ်ပြည်မှကယ်တင်ခဲ့သော ဘုရားသခင်ထာဝရဘုရားသည်သင် တို့နှင့်အတူရှိတော်မူလိမ့်မည်။-
သင်တို့သည်မီးကိုကြောက်ရွံ့သဖြင့်တောင် ပေါ်သို့မတက်ဝံ့သောကြောင့် ငါသည်ထာဝရ ဘုရားနှင့်သင်တို့စပ်ကြားတွင်ရပ်လျက် ထာဝရဘုရား၏အမိန့်တော်ကိုသင်တို့ အားဆင့်ဆိုခဲ့၏။''
သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။