အဗရှလုံက``ကြည့်လော့၊ သင်၏အမှုသည် တရားဥပဒေအရမှန်ကန်၏။ သို့ရာတွင် ဘုရင်၏ကိုယ်စားသင့်အမှုကိုစီရင်ပေး မည့်သူတစ်ယောက်မျှမရှိ။-
ထွက်မြောက် 18:16 - Common Language Bible လူနှစ်ဦး၌အငြင်းအခုံဖြစ်ပွားလျှင် ကျွန်ုပ် ၏အဆုံးအဖြတ်ကိုခံယူရန်ကျွန်ုပ်ထံသို့ လာကြပါသည်။ ကျွန်ုပ်သည်သူတို့အားဘုရားသခင်၏အမိန့်နှင့်ပညတ်တော်များကိုလိုက် နာရန် ပြောပြရပါသည်'' ဟုဖြေကြားလေ ၏။ Garrad Bible အ မှု ရှိ လျှင် လည်း ကျွန်ုပ် ထံ လာ၍ အ ချင်း ချင်း ကြား တွင် ကျွန်ုပ် ဆုံး ဖြတ် လျက် ဘု ရား သ ခင့် ထုံး ဖွဲ့ ချက်၊ ဥ ပ ဒေ ချက် များ ကို ကြား သိ စေ သည် ဟု ယော က္ခ မ အား ပြန် ပြော လေ ၏။ Judson Bible သူတို့သည်အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ပညတ်တရားများကိုသင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့၌ အမှုအခင်းရှိသောအခါ အကျွန်ုပ်ထံသို့လာကြပါ၏။ အကျွန်ုပ်သည်လည်း သူတို့တစ်ဦးနှင့်တစ်ဦးကြား တရားစီရင်ပေး၍ ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်တရားများကိုလည်း သူတို့အား သွန်သင်ပေးရပါ၏”ဟု ပြန်ပြောလေ၏။ |
အဗရှလုံက``ကြည့်လော့၊ သင်၏အမှုသည် တရားဥပဒေအရမှန်ကန်၏။ သို့ရာတွင် ဘုရင်၏ကိုယ်စားသင့်အမှုကိုစီရင်ပေး မည့်သူတစ်ယောက်မျှမရှိ။-
အခြားမြို့များတွင်နေထိုင်သောအမျိုးသား ချင်းတို့သည်လူသတ်မှုကိုဖြစ်စေ၊ တရား ဥပဒေသို့မဟုတ်ပညတ်တော်ကိုလွန်ကူး မှုကိုဖြစ်စေသင်တို့ထံသို့ယူဆောင်လာသည့် အခါတိုင်း သူတို့သည်တရားစီရင်ရာတွင် ထာဝရဘုရားအားမပြစ်မှားမိစေရန်သင် တို့ကသေချာစွာညွှန်ကြားရကြမည်။ ယင်း သို့မပြုပါမူသင်တို့နှင့်သူတို့၏အပေါ်သို့ ထာဝရဘုရား၏အမျက်တော်သက်ရောက် လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ တာဝန်ရှိသည်အတိုင်းဆောင်ရွက်ကြလျှင် မူကားအပြစ်လွှတ်ကြလိမ့်မည်။-
ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
နောက်တစ်နေ့တွင်သူသည်ထွက်လာပြန်ရာ ဟေဗြဲအမျိုးသားနှစ်ယောက်တို့သည် အချင်း ချင်းရိုက်ပုတ်ထိုးသတ်နေကြသည်ကိုမြင် ရလေ၏။ သူကမတရားသဖြင့်ပြုကျင့်နေ သူအား``သင်သည်အဘယ်ကြောင့်ကိုယ့်အမျိုး သားချင်းကိုရိုက်နှက်နေရသနည်း'' ဟုမေး လေ၏။
လူတစ်ဦးအားမဟုတ်မမှန်မစွပ်စွဲရ။ အပြစ် ကင်းမဲ့သူကိုသေဒဏ်မစီရင်ရ။ ထိုသို့မ တရားမှုပြုသူအားငါအပြစ်ဒဏ်ပေးမည်။-
မောရှေကဣသရေလအမျိုးသားခေါင်းဆောင် တို့အား``ငါတို့ပြန်ရောက်သည့်တိုင်အောင်ဤ အရပ်တွင်စောင့်ဆိုင်းနေကြလော့။ သင်တို့တွင် အငြင်းအခုံတစ်ခုခုပေါ်ပေါက်လျှင် အာရုန် နှင့်ဟုရတို့ထံသွား၍အဆုံးအဖြတ်ခံယူ ကြလော့'' ဟုမှာကြားခဲ့လေသည်။
တစ်စုံတစ်ယောက်သည်ဘုရားသခင်ကို ကျိန်ဆဲလျှင်ထိုသူသည်အပြစ်ကိုခံရမည်။-
ထာဝရဘုရားကမောရှေအား``ထိုသူ အားသေဒဏ်စီရင်ရမည်။ ဣသရေလအမျိုး သားအပေါင်းတို့သည်စခန်းအပြင်၌သူ့ ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်'' ဟု မိန့်တော်မူ၏။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သင်တို့အချင်းချင်းအမှုဖြစ်ပွားလျှင် ဘုရား သခင်လူစုတော်၏စီရင်ဆုံးဖြတ်ခြင်းကိုခံ မည့်အစား အဘယ်ကြောင့်ဘုရားမရှိသည့် တရားသူကြီးများထံသို့သွားကြပါ သနည်း။-
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။-
``သင်တို့အားသွန်သင်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးအပ်တော်မူသော ပညတ်တော်များသည်ကား ဤသို့တည်း။ သင် တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင် ဤပညတ် တော်များကိုလိုက်နာစောင့်ထိန်းကြလော့။-
ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-