နှင်းကွဲသောအခါတောကန္တာရ၏မြေပေါ် တွင် ပါးလွှာသောအချပ်ကလေးများကျန် ရစ်ခဲ့၏။ ထိုအချပ်ကလေးများသည်ဆီး နှင်းပေါက်ကဲ့သို့နူးညံ့၏။-
ထွက်မြောက် 16:31 - Common Language Bible ဣသရေလအမျိုးသားတို့က ထိုစားစရာ ကိုမန္နမုန့်ဟူ၍နာမည်မှည့်ခေါ်ကြ၏။ ထို မုန့်သည်နံနံစေ့နှင့်တူ၏။ အရောင်ဖြူ၍ ပျားရည်နှင့်လုပ်သောမုန့်ချပ်ကဲ့သို့အရ သာရှိ၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား ချင်း တို့ သည် ထို မုန့် ကို မ န္န ဟု ခေါ် ဝေါ် ကြ၏။ နံ နံ စေ့ နှင့် တူ၍ ဖြူ သော အ ရောင် ရှိ လျက် ပျား မုန့် ချပ် အ ရ သာ နှင့် တူ ၏။ Judson Bible ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ထိုမုန့်၏အမည်ကို မန္နဟုခေါ်ကြ၏။ နံနံစေ့နှင့်တူပြီး အဖြူရောင်ဖြစ်၏။ အရသာကား ပျားရည်ပါသောမုန့်ကြွပ်ပြားနှင့်တူ၏။ |
နှင်းကွဲသောအခါတောကန္တာရ၏မြေပေါ် တွင် ပါးလွှာသောအချပ်ကလေးများကျန် ရစ်ခဲ့၏။ ထိုအချပ်ကလေးများသည်ဆီး နှင်းပေါက်ကဲ့သို့နူးညံ့၏။-
ဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။ မောရှေကသူတို့အား``ဤအရာသည်ကား ထာဝရဘုရားက သင်တို့စားရန်ပေးသော မုန့်ဖြစ်၏။-
မောရှေက``ထာဝရဘုရားသည်ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရာ၌ တောကန္တာရ တွင်ငါတို့အားကျွေးမွေးတော်မူသောမန္န မုန့်ကို ငါတို့၏နောင်လာနောက်သားများ တွေ့မြင်နိုင်စေရန် မန္နမုန့်အနည်းငယ်ကို သိမ်းဆည်းထားရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်မှာတော်မူသည်'' ဟုဆိုလေ၏။-
တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။-