ထွက်မြောက် 16:15 - Common Language Bible15 ဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။ မောရှေကသူတို့အား``ဤအရာသည်ကား ထာဝရဘုရားက သင်တို့စားရန်ပေးသော မုန့်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible15 ဣ သ ရေ လ အ မျိုး သား တို့ သည် မြင် ရ သော အ ခါ မည် သည့် အ ရာ ဖြစ် သည် ကို မ သိ သော ကြောင့် အ ဘယ် အ ရာ နည်း ဟု အ ချင်း ချင်း မေး မြန်း ကြ လျှင် သင် တို့ စား ရန် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မုန့် ဖြစ်၍၊ အခန်းကိုကြည့်ပါ။Judson Bible15 ထိုအရာကို ဣသရေလအမျိုးသားတို့သည်မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တစ်ယောက်ကိုတစ်ယောက်မေးကြ၏။ မောရှေကလည်း၊ ဤအရာသည်သင်တို့စားစရာဖို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ထိုအရာကို အစ္စရေးအမျိုးသားတို့တွေ့မြင်သောအခါ မည်သည့်အရာဖြစ်သည်ကိုမသိသောကြောင့် “မည်သည့်အရာနည်း”ဟု အချင်းချင်းမေးမြန်းကြ၏။ ထိုအခါ မောရှေက “ဤအရာသည် သင်တို့ စားဖို့ ထာဝရဘုရားပေးတော်မူသောမုန့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။