မောရှေက``ယနေ့သည်သင်တို့အလုပ်မှရပ် နားရာနေ့၊ ထာဝရဘုရားအတွက်ဆက်ကပ် သောဥပုသ်နေ့ဖြစ်သဖြင့် ယမန်နေ့ကချန် ထားသောစားစရာကိုစားကြလော့။ စခန်း အပြင်ဘက်၌စားစရာရှာတွေ့နိုင်မည် မဟုတ်။-
ထွက်မြောက် 16:26 - Common Language Bible ထို့ကြောင့်သင်တို့သည်ခြောက်ရက်ပတ်လုံး မုန့်ကိုစုသိမ်းရမည်။ နားရက်ဖြစ်သောသတ္တမ နေ့တွင်စားစရာရရှိနိုင်မည်မဟုတ်'' ဟု ဆိုလေ၏။ Garrad Bible တော တွင် မုန့် တွေ့ မည် မ ဟုတ်။ ခြောက် ရက် ပတ် လုံး ကောက် ယူ ကြ မည်။ သ တ္တ မ နေ့ တွင် ဥ ပုသ် နေ့ ဖြစ်၍ ရ ရှိ လိမ့် မည် မ ဟုတ် ဟု ဆို လျက် ပင်၊ Judson Bible ခြောက်ရက်ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟုဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ခြောက်ရက်ပတ်လုံး မုန့်ကို ကောက်ယူကြရမည်။ ဥပုသ်နေ့ဖြစ်သောသတ္တမနေ့၌မူကား ရှိမည်မဟုတ်”ဟု ဆိုလေ၏။ |
မောရှေက``ယနေ့သည်သင်တို့အလုပ်မှရပ် နားရာနေ့၊ ထာဝရဘုရားအတွက်ဆက်ကပ် သောဥပုသ်နေ့ဖြစ်သဖြင့် ယမန်နေ့ကချန် ထားသောစားစရာကိုစားကြလော့။ စခန်း အပြင်ဘက်၌စားစရာရှာတွေ့နိုင်မည် မဟုတ်။-
အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။-
ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။