မောရှေကသူတို့အား``မည်သူမျှနက်ဖြန် နေ့အတွက်ချန်မထားရ'' ဟုမှာကြား၏။-
ထွက်မြောက် 16:20 - Common Language Bible သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။- Garrad Bible အ ချို့ တို့ သည် မော ရှေ့ စ ကား ကို နား မ ထောင် ဘဲ နံ နက် တိုင် ကျန် စေ သ ဖြင့် ပိုး ကျ ၍ ချဉ် သိုး လေ၏။ မော ရှေ လည်း အ မျက် ထွက် ၏။ Judson Bible အချို့တို့သည် မောရှေစကားကိုနားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍နံလေသော်၊ မောရှေသည် အမျက်ထွက်၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မောရှေ၏စကားကိုနားမထောင်ကြ။ လူအချို့တို့သည် နံနက်တိုင်အောင် ချန်ထားသဖြင့် ပိုးထိုး၍ အပုပ်နံ့ထွက်လေ၏။ မောရှေသည်လည်း သူတို့ကို အမျက်ထွက်လေ၏။ |
မောရှေကသူတို့အား``မည်သူမျှနက်ဖြန် နေ့အတွက်ချန်မထားရ'' ဟုမှာကြား၏။-
နံနက်တိုင်းသူတို့သည်မိမိတို့တစ်ဦးစီလို သမျှမုန့်ကိုစုသိမ်းကြ၏။ နေပူလာသော အခါမြေပြင်ပေါ်တွင်ကျန်ရှိသောမုန့်တို့ သည်အရည်ပျော်ကုန်၏။
သူတို့သည်မောရှေမှာကြားသည့်အတိုင်း စားစရာကို နက်ဖြန်နေ့အထိချန်ထား ရာပိုးမကျ၊ မပုပ်သိုးဘဲရှိလေ၏။-
(မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။)
ထိုအခါမောရှေသည်သူတို့ကိုအလွန် အမျက်ထွက်၍ ထာဝရဘုရားအား``ဤသူ တို့ဆက်သသောပူဇော်သကာကိုလက်ခံ တော်မမူပါနှင့်။ အကျွန်ုပ်သည်သူတို့တစ် ဦးတစ်ယောက်ကိုမျှမတော်မတရားမပြု လုပ်ခဲ့ပါ။ သူတို့ထံမှမြည်းတစ်ကောင်မျှ မသိမ်းမယူခဲ့ပါ'' ဟုလျှောက်ထားလေ၏။
``သံချေးပိုးရွဖျက်ဆီးတတ်၍သူခိုးဋ္ဌားပြ ထွင်းဖောက်ခိုးယူနိုင်သောလောကဘဏ္ဍာကို မစုဆောင်းကြနှင့်။-
သခင်ယေရှုသည်ထိုအခြင်းအရာကိုမြင်တော် မူလျှင် အမျက်ထွက်တော်မူ၍ ``ကလေးသူငယ်တို့ ကိုငါ့ထံသို့လာကြပါစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထိုသို့သော သူတို့၏နိုင်ငံဖြစ်၏။-
ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။-
ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။-
သင်တို့သည်အပြစ်ကူးရာရောက်သည့်တိုင်အောင် အမျက်မထွက်ကြနှင့်။ နေမဝင်မီအမျက်ကို ပြေငြိမ်းစေကြလော့။-
သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-