Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 16:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သူ​တို့​သည် မောရှေ​၏​စကား​ကို​နား​မ​ထောင်​ကြ​။ လူ​အချို့​တို့​သည် နံနက်​တိုင်အောင် ချန်ထား​သဖြင့် ပိုး​ထိုး​၍ အပုပ်နံ့ထွက်​လေ​၏​။ မောရှေ​သည်​လည်း သူ​တို့​ကို အမျက်ထွက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့​သော်​လည်း​အ​ချို့​သော​သူ​တို့​သည်​မော​ရှေ ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ မုန့်​အ​ချို့​ကို နောက်​တစ်​နေ့​အ​ထိ​ချန်​ထား​ကြ​၏။ နောက် တစ်​နေ့​နံ​နက်​တွင်​ထို​မုန့်​၌​ပိုး​ကျ​၍​ပုပ် သိုး​သွား​၏။ သို့​ဖြစ်​၍​မော​ရှေ​သည်​ထို​သူ တို့​အား​အ​မျက်​ထွက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အ ချို့ တို့ သည် မော ရှေ့ စ ကား ကို နား မ ထောင် ဘဲ နံ နက် တိုင် ကျန် စေ သ ဖြင့် ပိုး ကျ ၍ ချဉ် သိုး လေ၏။ မော ရှေ လည်း အ မျက် ထွက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ချို့​တို့​သည် မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ၊ နံ​နက်​တိုင်​အောင် ကျန်​စေ​သ​ဖြင့်၊ ပိုး​ဖြစ်၍​နံ​လေ​သော်၊ မော​ရှေ​သည် အ​မျက်​ထွက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 16:20
13 ပူးပေါင်းရင်းမြစ်များ  

မောရှေ​က သူ​တို့​အား “​မည်သူမျှ ထို​မုန့်​ကို နံနက်​တိုင်အောင်​မ​ကြွင်းကျန်​စေ​ရ​”​ဟု ဆို​သော်လည်း


သူ​တို့​သည် တစ်ဦးစီ​စား​နိုင်​သလောက် မုန့်​ကို​နံနက်တိုင်း​ကောက်ယူ​ကြ​၏​။ နေ​ပူ​လာ​သောအခါ ထို​မုန့်​သည် အရည်ပျော်​လေ​၏​။


သူ​တို့​သည်​လည်း မောရှေ​မိန့်မှာ​သည့်​အတိုင်း နံနက်​တိုင်အောင်​ချန်ထား​ကြ​ရာ အပုပ်နံ့ထွက်​ခြင်း​လည်း​မ​ရှိ​၊ လောက်တက်​ခြင်း​လည်း​မ​ရှိ​။


(​မောရှေ​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အားလုံး​တို့​ထက် စိတ်အနှိမ့်ချ​ဆုံး​သူ​ဖြစ်​၏​။​)


ထိုအခါ မောရှေ​သည် အလွန်​အမျက်ထွက်​၍ ထာဝရဘုရား​အား “​ထို​သူ​တို့​၏​ဘောဇဉ်ပူဇော်သက္ကာ​ကို လှည့်ကြည့်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​သည် သူ​တို့​ထံမှ မြည်း​တစ်​ကောင်​ကို​မျှ မ​ယူ​ခဲ့​ဖူး​ပါ​။ သူ​တို့​ထဲမှ​တစ်စုံတစ်ယောက်​ကို​မျှ အန္တရာယ်​မ​ပြု​ခဲ့​ဖူး​ပါ​”​ဟု လျှောက်​လေ​၏​။


ပိုးမွှား​နှင့်​သံချေး​ဖျက်ဆီး​တတ်​၍ သူခိုး​များ​ဖောက်ထွင်း​ခိုးယူ​နိုင်​ရာ မြေကြီး​ပေါ်၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အတွက် သိုမှီး​မ​ထား​ကြ​နှင့်။


ယေရှု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် အမျက်​တော်​ထွက်​၍“ကလေး​သူငယ်​တို့​ငါ့​ထံသို့​လာ​ကြ​ပါလေစေ။ သူ​တို့​ကို​မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ထိုသို့​သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။


ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။


ထို့နောက် လူ​တို့​အား“လောဘ​လွန်ကျူး​ခြင်း​အမျိုးမျိုး​ကို သတိပြု​၍​ရှောင်ကြဉ်​ကြ​လော့။ အကြောင်းမူကား လူ​၏​အသက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​မှု​အပေါ်၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ၏။


သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။


အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်။ အမျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။


အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ