ဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။ မောရှေကသူတို့အား``ဤအရာသည်ကား ထာဝရဘုရားက သင်တို့စားရန်ပေးသော မုန့်ဖြစ်၏။-
ဣ သ ရေ လ အ မျိုး သား တို့ သည် မြင် ရ သော အ ခါ မည် သည့် အ ရာ ဖြစ် သည် ကို မ သိ သော ကြောင့် အ ဘယ် အ ရာ နည်း ဟု အ ချင်း ချင်း မေး မြန်း ကြ လျှင် သင် တို့ စား ရန် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မုန့် ဖြစ်၍၊
ထိုအရာကို ဣသရေလအမျိုးသားတို့သည်မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တစ်ယောက်ကိုတစ်ယောက်မေးကြ၏။ မောရှေကလည်း၊ ဤအရာသည်သင်တို့စားစရာဖို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။
ထိုအရာကို အစ္စရေးအမျိုးသားတို့တွေ့မြင်သောအခါ မည်သည့်အရာဖြစ်သည်ကိုမသိသောကြောင့် “မည်သည့်အရာနည်း”ဟု အချင်းချင်းမေးမြန်းကြ၏။ ထိုအခါ မောရှေက “ဤအရာသည် သင်တို့ စားဖို့ ထာဝရဘုရားပေးတော်မူသောမုန့်ဖြစ်၏။
``သူတို့ဆာလောင်မွတ်သိပ်ကြသောအခါ မိုးကောင်းကင်မှအစားအစာကိုချပေး တော်မူ၍ ရေငတ်ကြသောအခါကျောက်ဆောင်ထဲမှ ထွက်သောရေကိုပေးတော်မူပါ၏။ ကိုယ်တော်ပေးတော်မူမည်ဟု ကတိထားသောပြည်ကိုသိမ်းပိုက်ရန် သူတို့အား မိန့်တော်မူပါ၏။
ကိုယ်တော်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့ပြုကျင့်သင့်သောအမှုအရာများကို သွန်သင်ပေးတော်မူပါ၏။ သူတို့အားမန္နမုန့်ကိုကျွေး၍သူတို့သောက်ရန် ရေကိုပေးတော်မူပါ၏။
သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။
ကိုယ်တော်သည်သူတို့စားရန်မန္နမုန့်မိုးရွာစေ တော်မူ၏။ သူတို့စားသုံးရန်ကောင်းကင်မှဆန်စပါးကို ချပေးတော်မူ၏။
ဣသရေလအမျိုးသားတို့က ထိုစားစရာ ကိုမန္နမုန့်ဟူ၍နာမည်မှည့်ခေါ်ကြ၏။ ထို မုန့်သည်နံနံစေ့နှင့်တူ၏။ အရောင်ဖြူ၍ ပျားရည်နှင့်လုပ်သောမုန့်ချပ်ကဲ့သို့အရ သာရှိ၏။-
ထိုနောက်မောရှေကအာရုန်ကို``မန္နမုန့်တစ် ပြည်ကိုအိုးတစ်လုံးတွင်ထည့်၍ ငါတို့ ၏နောင်လာနောက်သားများအတွက် ထာဝရဘုရား၏ရှေ့တော်၌ထားလော့'' ဟုဆို၏။-
ထိုအခါထာဝရဘုရားက မောရှေ အား``ငါသည်သင်တို့အားလုံးအတွက်မိုး ကောင်းကင်မှမုန့်ကိုချပေးမည်။ သူတို့သည် နေ့စဉ်ထွက်၍တစ်နေ့စာအတွက်မုန့်ကိုစု သိမ်းရကြမည်။ ဤနည်းအားဖြင့်သူတို့ သည် ငါ၏မိန့်မှာချက်အတိုင်းလိုက်နာ သည်၊ မလိုက်နာသည်ကိုငါသိရမည်။-
လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။-
ထိုအရာများကိုကမ္ဘာပေါ်ရှိဘုရားသခင် ကိုမယုံကြည်သူတို့သည်ရှာဖွေတတ်ကြ ၏။ ထိုအရာများကိုသင်တို့လိုကြောင်းကို သင်တို့အဖသိတော်မူ၏။-
သင်တို့၏ဘိုးဘေးများသည်တောကန္တာရတွင် မန္န မုန့်ကိုစားကြရသော်လည်းသေလွန်ကြကုန်၏။-
သို့ဖြစ်၍ဤအစာအာဟာရကားကောင်းကင် ဘုံမှဆင်းသက်သောအစာအာဟာရဖြစ်၏။ သင်တို့ဘိုးဘေးများစားသုံးကြရသည့် အစာအာဟာရမျိုးမဟုတ်။ ထိုအစာအာ ဟာရကိုသုံးဆောင်သူတို့သည်သေကြရ၏။ ဤ အစာအာဟာရကိုစားသူမူကားအစဉ် မပြတ်အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့အားလုံးပင်ဋ္ဌမ္မအစာတစ်မျိုးတည်း ကိုစားကြရ၏။-
တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။-
ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-
ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။