ထွက်မြောက် 16:4 - Common Language Bible4 ထိုအခါထာဝရဘုရားက မောရှေ အား``ငါသည်သင်တို့အားလုံးအတွက်မိုး ကောင်းကင်မှမုန့်ကိုချပေးမည်။ သူတို့သည် နေ့စဉ်ထွက်၍တစ်နေ့စာအတွက်မုန့်ကိုစု သိမ်းရကြမည်။ ဤနည်းအားဖြင့်သူတို့ သည် ငါ၏မိန့်မှာချက်အတိုင်းလိုက်နာ သည်၊ မလိုက်နာသည်ကိုငါသိရမည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ထာ ဝ ရ ဘု ရား က ဤ လူ မျိုး သည် ငါ့ ပ ညတ် တ ရား အ တိုင်း လျှောက် လိုက် မည် မ လိုက် မည် ကို စမ်း ခြင်း အ လို့ ငှါ သင် တို့ အ ဖို့ မိုး ကောင်း ကင် မှ အ စာ ကို ငါ ကျ ရွာ စေ မည်။ သူ တို့ လည်း ထွက် ၍ တစ် ရက် စာ ကို နေ့ စဉ် ကောက် ယူ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဖို့ မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တစ်နေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်းကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံစမ်းမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ ထာဝရဘုရားက မောရှေအား “ငါသည် သင်တို့အတွက် မုန့်ကို မိုးကောင်းကင်မှရွာကျစေမည်။ လူတို့သည် ထွက်၍ တစ်နေ့စာတစ်နေ့ကောက်ယူကြရမည်။ ဤသို့သောအားဖြင့် ငါ၏တရားတော်အတိုင်း သူတို့လိုက်လျှောက်မည်၊ မလိုက်လျှောက်မည်ကို ငါစမ်းသပ်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-
မောရှေသည်ထာဝရဘုရားထံစိတ်အား ထက်သန်စွာဆုတောင်းသဖြင့် ထာဝရဘုရား သည်သူ့အားသစ်တုံးတစ်တုံးကိုညွှန်ပြ တော်မူ၏။ သူသည်သစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သောအခါရေခါးသည်ရေချို ဖြစ်လာ၏။ ထာဝရဘုရားသည်ထိုအရပ်တွင် သူတို့ အားကျင့်သုံးရန်ပညတ်များကိုပြဋ္ဌာန်း ၍ ထိုအရပ်၌ပင်သူတို့နားထောင်ခြင်းရှိ၊ မရှိကိုစစ်ဆေးတော်မူ၏။-
အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။