ထွက်မြောက် 15:1 - Common Language Bible
ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
အခန်းကိုကြည့်ပါ။
ထို အ ခါ မော ရှေ နှင့် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား အား ဧ ချင်း ဖွဲ့ ဆို သော စ ကား ဟူ မူ ကား၊ ထာ ဝ ရ ဘု ရား သည် ဘုန်း တော် ထင် ပေါ် သည် ဖြစ်၍ ကိုယ် တော် အား ဧ ချင်း ဖွဲ့ ဆို ပါ အံ့။ မြင်း နှင့် မြင်း စီး သူ ရဲ ကို ပင် လယ် အ တွင်း ချ လှဲ တော် မူ ပြီ။
အခန်းကိုကြည့်ပါ။
ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကားဟူမူကား၊ ထာဝရဘုရားသည်ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အားသီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီ။
အခန်းကိုကြည့်ပါ။
ထို့နောက် ထာဝရဘုရားထံတော်သို့ မောရှေနှင့်အစ္စရေးအမျိုးသားတို့ သီကျူးသောသီချင်းကား “ထာဝရဘုရားထံသို့ ငါသီချင်းဆိုမည်။ အကြောင်းမူကား ကိုယ်တော်သည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူပြီ။ မြင်းနှင့်မြင်းစီးသောသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ။
အခန်းကိုကြည့်ပါ။