ထိုနောက်ဧလိယသည်မိမိ၏ဝတ်လုံကိုချွတ် ၍လိပ်ပြီးလျှင် ရေကိုရိုက်လေ၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲ၍သွားသဖြင့် သူတို့နှစ်ဦး သည်ခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ မြစ်တစ်ဘက်သို့ကူးကြ၏။-
ထွက်မြောက် 14:29 - Common Language Bible ဣသရေလအမျိုးသားတို့မူကား တစ်ဘက် တစ်ချက်ရှိရေတံတိုင်းနှစ်ခုအကြားခြောက် သွေ့သောမြေပေါ်မှာ လျှောက်၍ပင်လယ်ကို ဖြတ်ကူးခဲ့ရကြလေ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ မူ ကား ပင် လယ် အ လယ် တွင် ကြည်း ကြောင်း လျှောက် သွား လျက် ရေ သည် ဝဲ ယာ နှစ် ဘက် တံ တိုင်း ဖြစ် လေ ၏။ Judson Bible ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌မြေပေါ်မှာလျှောက်သွား၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ရှိနေ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။ |
ထိုနောက်ဧလိယသည်မိမိ၏ဝတ်လုံကိုချွတ် ၍လိပ်ပြီးလျှင် ရေကိုရိုက်လေ၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲ၍သွားသဖြင့် သူတို့နှစ်ဦး သည်ခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ မြစ်တစ်ဘက်သို့ကူးကြ၏။-
ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အတွက် ပင်လယ်ကိုဖြတ်၍လမ်းဖောက်ပြီးလျှင် သူတို့အားခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ သွားစေတော်မူပါ၏။ သူတို့အားလိုက်လံဖမ်းဆီးကြသူတို့ကိုမူ ပင်လယ်ရေလှိုင်းတွင် ကျောက်ခဲနစ်သကဲ့သို့ရေထဲ၌နစ်စေတော် မူပါ၏။
ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည်ပင်လယ်နီကိုနှစ်ပိုင်းကွဲစေ တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ကိုယ်တော်သည်ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ ရေကိုစုပုံစေပြီးလျှင်သူတို့အား ဖြတ်ကူးစေတော်မူ၏။
ထိုအခါဣသရေလအမျိုးသားတို့သည် ရေတံတိုင်းနှစ်ခုအကြားခြောက်သွေ့သော မြေပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်၍ သွားကြလေ၏။-
ဖာရောဘုရင်၏မြင်းတပ်နှင့်ရထားတပ်တို့ သည် ပင်လယ်ထဲသို့ဆင်းသက်ကြသောအခါ ထာဝရဘုရားသည်ရေကိုပြန်စီးစေသဖြင့် ရေသည်သူတို့ကိုဖုံးလွှမ်းလေ၏။ ဣသရေလ အမျိုးသားတို့မူကား ခြောက်သွေ့သောမြေ ပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်သွား ကြ၏။
ကိုယ်တော်သည်ပင်လယ်ရေကိုမှုတ်တော်မူသဖြင့်၊ ရေသည်ကြွတက်လာ၍တံတိုင်းကဲ့သို့ တည့်မတ်လျက်နေပါ၏။ ပင်လယ်အောက်ခြေသည်လည်းခိုင်မာလျက် နေ၏။
ထာဝရဘုရားသည်လေပူကိုတိုက်စေ၍ စူးအက်ပင်လယ်ကွေ့နှင့်ဥဖရတ်မြစ်တို့ကို ခန်းခြောက်စေတော်မူပြီးလျှင် မည်သူမဆို လမ်းလျှောက်ကျော်ဖြတ်နိုင်သည့်ချောင်းငယ် ကလေးခုနစ်ခုသာလျှင် ကျန်ရှိစေတော် မူလိမ့်မည်။-
သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊ လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
ညီအစ်ကိုတို့၊ မောရှေဦးဆောင်သောငါတို့၏ ဘိုးဘေးများအကြောင်းကိုသတိရစေလို၏။ သူတို့သည်မိုးတိမ်၏အကွယ်အကာရ၍ ပင်လယ်နီကိုဘေးမဲ့လုံခြုံစွာဖြတ်သန်းခဲ့ ကြ၏။-
ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-