သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
ထွက်မြောက် 14:24 - Common Language Bible နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် မီး တိုင်၊ တိမ် တိုင် ထဲ မှ အိ ဂျစ် တပ် ကို မ စ္ဆိ မ ယံ ၌ စီး ကြည့်၍ ရုန်း ရင်း ခတ် ဖြစ် စေ တော် မူ လျက်၊ Judson Bible နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုးတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍နှောင့်ယှက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မိုးသောက်ချိန်ရောက်သောအခါ ထာဝရဘုရားသည် အီဂျစ်တပ်ကို မီးတိုင်၊ မိုးတိမ်တိုင်ထဲမှ ငုံ့ကြည့်တော်မူ၍ အီဂျစ်တပ်တို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ |
သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။ တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊ တစ်ညပတ်လုံးမီးအလင်းရောင် အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
ကိုယ်တော်ရှင်၏အဖို့အနှစ်တစ်ထောင်သည် တစ်နေ့ကဲ့သို့ဖြစ်ပါ၏။ ကုန်လွန်ပြီးသည့်ယမန်နေ့ကဲ့သို့လည်းကောင်း၊ တိုတောင်းသောညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
နေ့နှင့်ညအချိန်တွင်သူတို့အားလမ်းပြရန် ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ် တိုင်အဖြစ်ဖြင့်လည်းကောင်း၊ ညအချိန်၌ အလင်းရောင်ပေးရန်မီးတိုင်အဖြစ်ဖြင့် လည်းကောင်း သူတို့၏ရှေ့ကကြွတော်မူ၏။-
ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
ရန်သူများဖမ်းသွားခံရလျှင် လည်းသူတို့ ကိုသတ်ပစ်လိုက်ရန်ငါစေခိုင်းမည်။ ငါသည် သူတို့ကိုမကူညီဘဲ ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချလိုက်ပြီ'' ဟုမိန့်တော်မူ၏။
နောက်တစ်နေ့နံနက်၌ရှောလုသည်မိမိ ၏လူတို့ကိုသုံးတပ်ခွဲပြီးလျှင် အရုဏ် တက်ချိန်၌ ရန်သူတပ်စခန်းကိုအတင်း ဝင်၍တိုက်ခိုက်ရာမွန်းတည့်ချိန်ရောက်သော် အမ္မုန်အမျိုးသားတို့ကျဆုံးကြကုန်၏။ မသေဘဲကြွင်းကျန်နေသူတို့သည်လည်း တကွဲတပြားကိုယ်လွတ်ရုန်း၍ထွက်ပြေး ကြလေသည်။