ထိုသို့ဘုရင်နှင့်သူ၏တပ်ကိုနှိမ်နင်းအောင် မြင်သဖြင့် ငါသည်ထာဝရဘုရားဖြစ် ကြောင်းအီဂျစ်အမျိုးသားတို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထို ဖာ ရော မင်း နှင့် ရ ထား တပ်၊ မြင်း တပ် များ အား ဖြင့် ဂုဏ် တော် ထင် ပေါ် သော အ ခါ ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း အိ ဂျစ် လူ တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။
ထိုသို့ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
ထိုသို့ ငါသည် ဖာရောမင်းကြီးနှင့် သူ၏စစ်ရထား၊ သူ၏မြင်းစီးသူရဲတို့အားဖြင့် ဘုန်းထင်ရှားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
ငါသည်သင်တို့အား ငါ၏လူမျိုးတော်အဖြစ် ရွေးကောက်မည်။ ငါသည်သင်တို့၏ဘုရားဖြစ် မည်။ သင်တို့အားကျွန်အဖြစ်စေခိုင်းသော အီဂျစ်အမျိုးသားတို့၏လက်မှ ငါလွတ် မြောက်စေတော်မူသောအခါ၊ ငါသည်သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် ကြောင်းသင်တို့သိရကြလိမ့်မည်။-
အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။-
ထိုသို့အီဂျစ်အမျိုးသားတို့အားတန်ခိုး ကိုပြ၍ ဣသရေလအမျိုးသားတို့ကိုထုတ် ဆောင်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းအီဂျစ်အမျိုးသားတို့သိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
အီဂျစ်ပြည်ကိုလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်စေ၍ ဥစ္စာပစ္စည်းရှိသမျှကိုဖျက်ဆီး၍ ထိုပြည်တွင်နေထိုင်ကြသူလူအပေါင်း အား သုတ်သင်ဖျက်ဆီးပစ်သောအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။-
ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အားမုန်တိုင်းသဖွယ်စစ်ဆင်တိုက်ခိုက် လိမ့်မည်။ အသင်ဂေါဂအချိန်ကျသော အခါငါ၏ပြည်ကိုတိုက်ခိုက်စေရန် သင့် အားစေလွှတ်မည်။ ဤနည်းအားဖြင့်ငါ သည်အဘယ်သူဖြစ်ကြောင်းလူမျိုးတကာ တို့အားသိရှိစေလိမ့်မည်။ သင့်ကိုငါပြု စေသောအမှုများအားဖြင့်လည်း ငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ပေါ်လွင်စေလိမ့်မည်။-