ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား နေ့အချိန်၌မိုးတိမ်တိုက်အားဖြင့် လမ်းပြပို့ဆောင်တော်မူ၍၊ညဥ့်အချိန်၌ သူတို့၏ခရီးလမ်းကိုမီးတိမ်တိုက်ဖြင့် ထွန်းလင်းစေတော်မူပါ၏။
ထွက်မြောက် 13:21 - Common Language Bible နေ့နှင့်ညအချိန်တွင်သူတို့အားလမ်းပြရန် ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ် တိုင်အဖြစ်ဖြင့်လည်းကောင်း၊ ညအချိန်၌ အလင်းရောင်ပေးရန်မီးတိုင်အဖြစ်ဖြင့် လည်းကောင်း သူတို့၏ရှေ့ကကြွတော်မူ၏။- Garrad Bible နေ့ ညဉ့် မ ဟူ၊ သူ တို့ သွား နိုင် စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား သည် နေ့ ၍ လမ်း ပြ ရန် တိမ် တိုင် အား ဖြင့် လည်း ကောင်း၊ ညဉ့်၌ လင်း စေ ရန် မီး တိုင် အား ဖြင့် လည်း ကောင်း သူ တို့ ရှေ့ က ကြွ တော် မူ ၏။ Judson Bible သူတို့သည်နေ့ညသွားနိုင်အောင် ထာဝရဘုရားသည်နေ့၌ကား၊ လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ည၌ကား၊ အလင်းပေးဖို့မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ရှေ့ကကြွတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။ |
ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား နေ့အချိန်၌မိုးတိမ်တိုက်အားဖြင့် လမ်းပြပို့ဆောင်တော်မူ၍၊ညဥ့်အချိန်၌ သူတို့၏ခရီးလမ်းကိုမီးတိမ်တိုက်ဖြင့် ထွန်းလင်းစေတော်မူပါ၏။
သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား လမ်းပြပို့ဆောင်ကာတောကန္တာရကိုဖြတ်၍ ချီတက်တော်မူသောအခါ၌
ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။
နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊ တစ်ညပတ်လုံးမီးအလင်းရောင် အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
သူတို့အားကိုယ်တော်သည်မိုးတိမ်တိုက်ထဲက မိန့်မှာတော်မူ၏။ သူတို့သည်လည်းကိုယ်တော်ပေးတော်မူသော တရားတော်နှင့်ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းကြ၏။
ဘုရင်က``သင်တို့၏အမျိုးသမီးများနှင့် ကလေးများကို ခေါ်ဆောင်သွားခွင့်မပြုနိုင် ဟုထာဝရဘုရားကိုတိုင်တည်၍ငါဆို၏။ ပုန်ကန်ရန်ကြံစည်နေကြောင်းထင်ရှား၏။-
အာရုန်သည်ဣသရေလအမျိုးသားအပေါင်း တို့အား မောရှေမှာကြားသည့်အတိုင်းဆင့်ဆို နေစဉ် သူတို့သည်တောကန္တာရဘက်သို့မျှော် ကြည့်လိုက်သောအခါ မိုးတိမ်၌ထာဝရ ဘုရား၏တောက်ပသောဘုန်းအသရေ တော်ရုတ်တရက်ပေါ်လာသည်ကိုဖူးမြင် ရကြလေ၏။-
မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
သူတို့စခန်းမှထွက်ခွာလာသည့်အခါတိုင်း ထာဝရဘုရား၏မိုးတိမ်သည်နေ့အချိန် တွင်သူတို့၏အပေါ်မှလိုက်ပါလျက်ရှိ၏။
သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-
ထာဝရဘုရားကိုယ်တော်တိုင်သင့်အားဦး ဆောင်၍ သင်နှင့်အတူရှိတော်မူမည်။ သင့်အား မုချကူမတော်မူမည်။ သင့်ကိုစွန့်ပစ်ထား တော်မူမည်မဟုတ်။ ထို့ကြောင့်သင်သည်အား မလျှော့နှင့်။ ကြောက်ရွံ့ခြင်းမရှိနှင့်'' ဟုမှာ ကြားလေ၏။