သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။-
သင် တို့၌ အ ဦး ဖွား သော သား များ နှင့် တိ ရ စ္ဆာန် များ၏ သား ဦး အ ပေါင်း တို့ ကို ထာ ဝ ရ ဘု ရား အား အပ် နှင်း ကြ ရ မည်။ အ ထီး ဟူ သ မျှ သည် ထာ ဝ ရ ဘု ရား ပိုင် ဖြစ် ရ မည်။
သင်တို့၌ အဦးဖွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဖို့ အသီးအခြားခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ဥစ္စာဖြစ်ရကြမည်။
သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။
ပညတ်ကျမ်းတွင်ပြဋ္ဌာန်းဖော်ပြထားသည့် အတိုင်း ငါတို့သည်ဘုရားသခင်အားဆက် ကပ်ရန်အတွက် မိမိတို့၏သားဦးကိုလည်း ကောင်း၊ မိမိတို့နွား၊ သိုး၊ ဆိတ်တို့မှမွေးဖွား သည့်သားဦးကိုလည်းကောင်းဗိမာန်တော် ရှိယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ပါ မည်။
ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-
ထာဝရဘုရားက မောရှေအား``သားဦး ယောကျာ်းမှန်သမျှတို့ကိုငါ့အားဆက်ကပ် ကြရမည်။ ဣသရေလအမျိုးသားတို့တွင် သားဦးယောကျာ်း၊ တိရစ္ဆာန်တို့တွင်သားဦး ပေါက်ဟူသမျှကိုငါပိုင်၏'' ဟုမိန့်တော် မူ၏။
``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။
``သင်တို့၏အဦးဆုံးရိတ်သိမ်းသောအသီး အနှံ၊ အဦးဆုံးညှစ်သောစပျစ်ရည်ကိုငါ့ အားဆက်ကပ်ရမည်။ ``သင်တို့၏သားဦးများကိုငါ့အားဆက်ကပ် ရမည်။-
``သင်တို့တွင်သားဦးဟူသမျှနှင့်သိုးနွားမှ စသော တိရစ္ဆာန်တို့၏သားဦးပေါက်ဟူသမျှ တို့ကိုငါပိုင်၏။-
သို့ရာတွင်မြည်းသားဦးပေါက်ကိုသိုးတစ် ကောင်နှင့်အစားထိုး၍ရွေးယူရမည်။ မရွေး ယူလိုလျှင်မြည်း၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားဦးဟူသမျှတို့ကိုရွေးယူ ရမည်။ ``မည်သူမျှပူဇော်သကာမပါဘဲနှင့်ငါ့ထံ သို့မဝင်ရ။
``ထိုနောက်သင်သည်ငါနှင့်ရသောသားသမီး များကိုယူ၍ ယဇ်ကောင်အဖြစ်ဖြင့်ရုပ်တုတို့ အားပူဇော်၏။ သင်သည်ငါ့အားသစ္စာဖောက် ရုံမျှဖြင့်မကျေနပ်ဘဲ၊-
ယဇ်ပုရောဟိတ်တို့သည်ကောက်ဦးစပါး အကောင်းဆုံးနှင့်ငါ့အားဆက်သသည့်အခြား ပူဇော်သကာရှိသမျှကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်မုန့်များကိုဖုတ်သည့်အခါ တိုင်းယဇ်ပုရောဟိတ်တို့အားအဦးဆုံးဖုတ် သည့်မုန့်ကိုပူဇော်သကာအဖြစ်ပေးလှူရကြ မည်။ ထိုအခါငါ၏ကောင်းချီးမင်္ဂလာသည် သူတို့၏အိမ်များအပေါ်သို့သက်ရောက် လိမ့်မည်။-
နွားဦးပေါက်ဖြစ်စေ၊ သိုးဦးပေါက်ဖြစ်စေ၊ ဆိတ်ဦးပေါက်ဖြစ်စေ၊ ထာဝရဘုရားနှင့် သာဆိုင်သောကြောင့် မည်သူမျှယင်းတို့ကို စေတနာအလျောက်ပူဇော်သကာအဖြစ် ထာဝရဘုရားအားမဆက်သရ။-
``ဣသရေလအမျိုးသားတို့က ငါ့အား ဆက်သသောသားဦးဖြစ်သောလူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေသင်တို့နှင့်ဆိုင်၏။ သို့ရာတွင် သားဦးကိုဖြစ်စေ၊ အနာအဆာရှိသော တိရစ္ဆာန်သားဦးကိုဖြစ်စေ ငွေဖြင့်ရွေးယူ ခြင်းကိုလက်ခံရမည်။-
ငါသည်အီဂျစ်ပြည်တွင်သားဦးအပေါင်း တို့ကိုသေဒဏ်ခတ်ခဲ့စဉ်က ဣသရေလ အမျိုးသားတို့၏သားဦးများနှင့်တိရစ္ဆာန် သားဦးပေါက်များကို ငါပိုင်ဆိုင်ရာအဖြစ် သီးသန့်ရွေးချယ်ခဲ့၏။-
သားဦးမှန်သမျှကိုထာဝရဘုရားအား ဆက်ကပ်ရမည်ဟူ၍လည်းကောင်း၊-
``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။-