လေဝိအနွယ်ဝင်တို့သည်သတ်မှတ်ထားသည့်စည်း မျဉ်းများအရပသခါယဇ်ကိုမီးတင်၍မြေ အိုး၊ သံကရား၊ သံဒယ်များနှင့်ပြုတ်ကြပြီး လျှင်ပြည်သူတို့အားအလျင်အမြန်ဝေပေး ကြ၏။-
ထွက်မြောက် 12:8 - Common Language Bible ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။- Garrad Bible အ သား ကို ကား မီး ကင် ပြီး မှ တ ဆေး မဲ့ မုန့်၊ ခါး သော ဟင်း သီး ဟင်း ရွက် နှင့် ထို ညဉ့် ချင်း တွင် စား ကြ စေ။ Judson Bible အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညချင်းတွင်တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။ |
လေဝိအနွယ်ဝင်တို့သည်သတ်မှတ်ထားသည့်စည်း မျဉ်းများအရပသခါယဇ်ကိုမီးတင်၍မြေ အိုး၊ သံကရား၊ သံဒယ်များနှင့်ပြုတ်ကြပြီး လျှင်ပြည်သူတို့အားအလျင်အမြန်ဝေပေး ကြ၏။-
ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
အသားကိုအစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ် စေမစားရ။ တိရစ္ဆာန်၏ဦးခေါင်း၊ ခြေလက်၊ ဝမ်း တွင်းသားနှင့်တကွတစ်ကောင်လုံးကိုမီးကင် ရမည်။-
ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။ ထိုရက်အတွင်းသင်တို့နေထိုင်ရာ ပြည်တစ်လျှောက်လုံးတွင်တဆေးပါသော မုန့်ဖြစ်စေ၊ တဆေးဖြစ်စေမရှိစေရ။-
``ငါ့အားယဇ်ကောင်ပူဇော်သောအခါ တဆေး ပါသောမုန့်နှင့်မပူဇော်ရ။ ဤပွဲတော်များတွင် ငါ့အားပူဇော်သောယဇ်ကောင်၏အဆီကို နောက် တစ်နေ့နံနက်သို့တိုင်အောင်မကြွင်းကျန်စေရ။
``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
ကျေးဇူးတော်ချီးမွမ်းရာမုန့်ကိုဆက်ခါ ဆက်ခါပေးလှူကြလော့။ အလိုအလျောက် ပေးလှူနေကြောင်းကိုလည်း သင်ဣသရေလ အမျိုးသားတို့ထုတ်ဖော်ကြေငြာ၍ဝါကြွား ကြလော့။ ဤသို့ပြုခြင်းကိုသင်တို့မြတ်နိုး လှ၏ဟုအရှင်ထာဝရဘုရားမိန့်တော် မူ၏။
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
ထိုအခါတပည့်တော်တို့သည်မုန့်လုပ်တဆေး ကိုရှောင်ကြဉ်ရန်မဟုတ်ဘဲဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏သွန်သင်ချက်များကိုမလိုက်နာရန် ကိုယ်တော်သတိပေးတော်မူကြောင်းနားလည် ကြ၏။
ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူညစာ စားလျက်နေတော်မူစဉ်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့် ကားငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟု မိန့်တော်မူပြီးလျှင်တပည့်တော်တို့အားဝေပေး တော်မူ၏။
``မုန့်ညက်တစ်ပုံလုံးကိုဖောင်းကြွစေရန် တဆေးအနည်းငယ်သာလိုသည်'' ဟူသော ဆိုရိုးစကားကိုသတိပြုကြလော့။-
သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။-
သင်တို့သည်ငါတို့၏ပုံစံနှင့်သခင်ဘုရား ၏ပုံစံတော်အတိုင်းလိုက်လျှောက်ခဲ့ကြ၏။ သင်တို့သည်များစွာဆင်းရဲဒုက္ခရောက်ရ ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်မှ ရသောဝမ်းမြောက်ခြင်းဖြင့်တရားတော် ကိုခံယူကြ၏။-