ထိုကျမ်းစကားဖတ်ရွတ်သည်ကိုကြားကြ သောအခါဣသရေလအမျိုးသားတို့သည် မိမိတို့အသိုင်းအဝိုင်းမှလူမျိုးခြားများ ကိုပယ်ထုတ်လိုက်ကြလေသည်။
ထွက်မြောက် 12:38 - Common Language Bible သူတို့နှင့်အတူဣသရေလအမျိုးသား မဟုတ်သောသူမြောက်မြားစွာတို့နှင့် သိုး၊ ဆိတ်၊ နွားများစွာတို့လည်းလိုက်ပါသွားကြလေ သည်။- Garrad Bible မျိုး ရိုး မ ဟုတ် သော လူ အ များ တို့ လည်း သိုး နွား မှ စ၍ တိ ရ စ္ဆာန် အ များ နှင့် တ ကွ လိုက် ကြ ၏။ Judson Bible အမျိုးမျိုးသောလူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အခြားလူမျိုးများစွာတို့နှင့် သိုးဆိတ်များ၊ နွားများ စသည့် အလွန်များသောတိရစ္ဆာန်တို့သည်လည်း သူတို့နှင့်အတူထွက်သွားကြ၏။ |
ထိုကျမ်းစကားဖတ်ရွတ်သည်ကိုကြားကြ သောအခါဣသရေလအမျိုးသားတို့သည် မိမိတို့အသိုင်းအဝိုင်းမှလူမျိုးခြားများ ကိုပယ်ထုတ်လိုက်ကြလေသည်။
ထိုအခါမောရှေက``ထာဝရဘုရားအား ပူဇော်ပွဲကိုကျင်းပရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လူကြီး၊ ကလေး၊ သားသမီး၊ သိုး နွားမှစ၍အားလုံးကိုခေါ်ဆောင်သွားရ ကြပါမည်'' ဟုလျှောက်လေ၏။
သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
ဣသရေလအမျိုးသားတို့၏စခန်းတွင် အီဂျစ်အမျိုးသားဖခင်နှင့် ဣသရေလ အမျိုးသမီးမိခင်တို့မှပေါက်ဖွားသူတစ် ယောက်ရှိ၏။ မိခင်သည်ဒန်အမျိုးထဲမှဒိဗရိ ၏သမီးရှေလောမိတ်ဖြစ်သည်။ ထိုသူသည် စခန်းအတွင်း၌ဣသရေလအမျိုးသား တစ်ဦးနှင့်ခိုက်ရန်ဖြစ်ပွားနေစဉ် ထာဝရ ဘုရား၏နာမတော်ကိုကျိန်ဆဲ၏။ ထို့ကြောင့် သူ့အားမောရှေထံသို့ခေါ်ဆောင်ခဲ့ကြ သဖြင့်၊-
ထိုနေ့ရက်ကာလ၌ယုဒအမျိုးသား တစ်ဦးအားလူမျိုးခြားတစ်ကျိပ်က``ဘုရားသခင်သည်သင်နှင့်အတူရှိတော်မူကြောင်း ငါတို့ကြားသိရကြပေပြီ။ သို့ဖြစ်၍ ငါတို့သည်သင်တို့နှင့်ဆိုးတူကောင်းဖက် ဖြစ်လိုကြပါသည်' ဟုဆိုလိမ့်မည်'' ဟု မိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။-
ဣသရေလအမျိုးသားတို့က``အကျွန်ုပ်တို့ သည်လမ်းမကြီးအတိုင်းသာဖြတ်သန်းသွား ကြပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ တိရစ္ဆာန်များသည် ကိုယ်တော်၏ပြည်မှရေကို သောက်သုံးမိလျှင်ရေဖိုးကိုပေးပါမည်။ ဖြတ်သန်းခွင့်ကိုသာပေးတော်မူပါ'' ဟု လျှောက်ထားကြလေသည်။
ရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့တွင် သိုးနွား တိရစ္ဆာန်မြောက်မြားစွာရှိကြ၏။ ယာဇာ ပြည်နှင့်ဂိလဒ်ပြည်တွင်စားကျက်ကောင်း များရှိကြောင်းသိရှိရသောအခါ၊-
ငါသတ်မှတ်ပေးသောမြို့များတွင် သင်တို့ ၏သားမယားများနှင့်တိရစ္ဆာန်များသာလျှင် နေရစ်ခဲ့ရမည်။ သင်တို့တွင်တိရစ္ဆာန်များစွာ ရှိသည်ကိုငါသိ၏။-
ယောရှုသည်အမျိုးသမီးနှင့်ကလေးများ၊ သူတို့နှင့်အတူနေထိုင်သောလူမျိုးခြား များအပါအဝင် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့၌မောရှေပေးသောပညတ် ရှိသမျှကိုဖတ်ရွတ်လေသည်။