နေဟမိ 13:3 - Common Language Bible3 ထိုကျမ်းစကားဖတ်ရွတ်သည်ကိုကြားကြ သောအခါဣသရေလအမျိုးသားတို့သည် မိမိတို့အသိုင်းအဝိုင်းမှလူမျိုးခြားများ ကိုပယ်ထုတ်လိုက်ကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible3 လူ မျိုး ခြား တို့ နှင့် ခွဲ ခြား လျက် နေ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သောသူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထိုပညတ်ချက်ကို ကြားကြသောအခါ အစ္စရေးလူမျိုးတို့ထဲရှိ အမျိုးမစစ်သောသူအားလုံးကို ဖယ်ထုတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့ပြည်တွင်နေထိုင်သူလူမျိုးခြားများ နှင့် ကွာလိုက်ကြသောဣသရေလအမျိုးသား များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဗိမာန် တော်ဂီတပညာသည်များ၊ဗိမာန်တော်အလုပ် သမားများမှစသောငါတို့သည် မိမိတို့ ဇနီးများနှင့်အရွယ်ရောက်သူသားသမီး တို့နှင့်အတူတကွမောရှေမှတစ်ဆင့်ထာဝရ ဘုရားပေးအပ်တော်မူသောတရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ငါတို့၏ထာဝရ ဘုရားပေးတော်မူသောအမိန့်တော်ရှိသမျှ ကိုနားထောင်ပါမည်။ ကိုယ်တော်၏ပညတ် တော်များနှင့်ပြဋ္ဌာန်းတော်မူချက်ရှိ သမျှတို့ကိုလိုက်လျှောက်ပါမည်။ ဤ ကတိသစ္စာကိုချိုးဖောက်သော်ကျိန်စာ သင့်ပါစေ။
သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။