သူတို့သည်အီဂျစ်ပြည်မှယူဆောင်ခဲ့သော တဆေးမရောသည့်မုန့်စိမ်းဖြင့်မုန့်ဖုတ်ကြ ၏။ အီဂျစ်ပြည်မှသူတို့အားရုတ်တရက် နှင်ထုတ်လိုက်ကြသည်ဖြစ်ခြင်းကြောင့် မုန့် စိမ်း၌တဆေးရောရန်အချိန်မရခဲ့ ကြချေ။
ထွက်မြောက် 12:34 - Common Language Bible သို့ဖြစ်၍သူတို့သည်တဆေးမရောသေး သောမုန့်စိမ်းကိုမုန့်နယ်ခွက်များတွင်ထည့်၍ အဝတ်နှင့်ထုတ်ပြီးလျှင်ပခုံးပေါ်၌ထမ်း ယူကြ၏။- Garrad Bible လူ မျိုး တော် သည် တ ဆေး မ ခတ် သေး သော မုန့် စိမ်း ပါ၊ အိုး ခွက် များ ကို အ ဝတ် နှင့် ရော ထုပ်၍ ထမ်း ယူ ကြ ၏။ Judson Bible ထိုလူတို့သည် တဆေးမရောသေးသောမုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွထုပ်၍ထမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် တဆေးမဖောက်ရသေးသောမုန့်နှစ်ကိုယူ၍ မုန့်နယ်ခွက်နှင့်အတူ အဝတ်ဖြင့်ထုပ်၍ မိမိတို့၏ပခုံးပေါ်ထမ်းသွားကြ၏။ |
သူတို့သည်အီဂျစ်ပြည်မှယူဆောင်ခဲ့သော တဆေးမရောသည့်မုန့်စိမ်းဖြင့်မုန့်ဖုတ်ကြ ၏။ အီဂျစ်ပြည်မှသူတို့အားရုတ်တရက် နှင်ထုတ်လိုက်ကြသည်ဖြစ်ခြင်းကြောင့် မုန့် စိမ်း၌တဆေးရောရန်အချိန်မရခဲ့ ကြချေ။
မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-
ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။