အီဂျစ်အမျိုးသားတို့သည်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြ သဖြင့် သုံးရက်ပတ်လုံးမည်သူမျှမိမိ နေအိမ်မှမထွက်ချေ။ ဣသရေလအမျိုး သားတို့နေထိုင်ရာအရပ်၌မူကား အလင်းရောင်ရှိ၏။
ထို သုံး ရက် ပတ် လုံး ပြည် သူ ပြည် သား တို့ သည် တစ် ယောက် ကို တစ် ယောက် မ မြင်၊ နေ ရင်း နေ ရာ မှ လည်း မ ထ ဝံ့ ကြ။ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သော် ကား ကိုယ့် နေ အိမ် များ တွင် အ လင်း ရ ကြ ကုန် ၏။
ထိုအခါ တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှမထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကိုရကြ၏။
လူတို့သည် တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသဖြင့် သုံးရက်ပတ်လုံး မည်သူမျှ မိမိနေရာမှမထကြချေ။ သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့နေထိုင်ရာအရပ်၌ အလင်းရောင်ရှိ၏။
အီဂျစ်တပ်နှင့်ဣသရေလတပ်တို့အကြား သို့ရောက်ရှိလေ၏။ မိုးတိမ်တိုင်သည်အီဂျစ် အမျိုးသားတို့ဘက်တွင်အမှောင်ကျစေ၍ ဣသရေလအမျိုးသားတို့ဘက်တွင်မူ အလင်းရောင်ရစေ၏။ သို့ဖြစ်၍ထိုည တစ်ညလုံးတစ်တပ်နှင့်တစ်တပ်မချဉ်း ကပ်နိုင်ကြချေ။
ထာဝရဘုရားသည်မြစ်ကိုသွေးဖြစ်စေ ပြီးနောက် ခုနစ်ရက်ကြာလေ၏။
မှော်ဆရာတို့လည်းမိမိတို့၏အတတ်ပညာ ဖြင့် တောခြင်များဖြစ်လာရန်အားထုတ်ကြ သော်လည်းမအောင်မြင်ကြချေ။ တောခြင် များသည်လူနှင့်တိရစ္ဆာန်တို့၌တွယ်ကပ် လေသည်။-
ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။
ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
ဣသရေလအမျိုးသားတို့နေထိုင်ရာ ဂေါရှင်ဒေသသည်သာလျှင် မိုးသီးမိုး ဒဏ်မှလွတ်ကင်းသည်။
သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏တိရစ္ဆာန်နှင့် အီဂျစ်အမျိုး သားတို့၏တိရစ္ဆာန်တို့ကိုခွဲခြား၍ဣသရေလ အမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှ မသေစေရ။-
``ငါသည်မိမိ၏မျက်မမြင်လူစုအား သူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
သင်တို့ပျိုးပင်အတွက်မိုးရေအလိုဆုံး သောအချိန်တွင်ငါသည်မိုးခေါင်စေခဲ့၏။ တစ်မြို့ပေါ်၌သာရွာသွန်းစေပြီးကျန်တစ် မြို့ပေါ်သို့မရွာစေရန် တားခဲ့သူမှာငါပင် ဖြစ်၏။ လယ်တစ်ခင်းသည်မိုးကိုရ၍ကျန် တစ်ခင်းမှာမူသွေ့ခြောက်ခဲ့လေပြီ။-
တစ်ဖန်တုံငါ၏လူစုသည်သူတော်ကောင်း နှင့် သူယုတ်မာတို့တွေ့ကြုံခံစားရမှုမတူ ပုံကိုလည်းကောင်း၊ ငါ့အားဝတ်ပြုကိုးကွယ် သူနှင့်ဝတ်မပြုမကိုးကွယ်သူတို့ တွေ့ကြုံ ခံစားရမှုမတူပုံကိုလည်းကောင်းသိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်ငါတို့အားမှောင်မိုက်၏ တန်ခိုးမှကယ်နုတ်တော်မူ၍ မိမိချစ်မြတ် နိုးတော်မူသောသားတော်၏နိုင်ငံတော်ထဲ သို့ခေါ်သွင်းတော်မူ၏။-
ငါ့ထံသို့အော်ဟစ်၍အကူအညီတောင်းခံ ကြသည်။ ထိုအခါငါသည်သူတို့နှင့်အီဂျစ် တပ်သားများအကြားတွင်အမှောင်ထုကို ကျစေ၏။ ရန်သူများအပေါ်သို့ပင်လယ်ရေ လွှမ်းစေသဖြင့် သူတို့သည်ရေနစ်သေဆုံး ကြကုန်၏။ ငါသည်အီဂျစ်ပြည်အားမည်ကဲ့ သို့ဆုံးမခဲ့သည်ကိုသင်တို့သိကြ၏။ ```သင်တို့သည်တောကန္တာရတွင်ကြာမြင့်စွာနေ ထိုင်ခဲ့ရကြ၏။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-