သူတို့သည်ပုန်ကန်ကာကိုယ်တော်အားဝမ်း နည်းစေကြ၏။ သို့ဖြစ်၍ထာဝရဘုရား သည်သူတို့ကိုရန်ဘက်ပြုကာတိုက်ခိုက် တော်မူသတည်း။
တရားဟော 9:23 - Common Language Bible ထာဝရဘုရားပေးတော်မူသောပြည်ကို သွားရောက်သိမ်းယူရန် သင်တို့အားကာဒေရှ ဗာနာအရပ်မှစေလွှတ်သောအခါ သင်တို့ သည်ပုန်ကန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ အမိန့်တော်ကိုနာမခံကြ။- Garrad Bible ငါ ပေး သော ပြည် ကို ချီ တက် ပိုင် ယူ ကြ လော့ ဟူ သော အ မိန့် တော် ဖြင့်၊ ကာ ဒေ ရှ ဗာ နာ မြို့ မှ စေ လွှတ် တော် မူ သည့် ကာ လ၊ ယုံ ကြည် ခြင်း ကင်း လျက် မ လိုက် မ နာ ဘဲ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ဖီ ဆန် ခဲ့ ကြ ပြီ။ Judson Bible ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။ |
သူတို့သည်ပုန်ကန်ကာကိုယ်တော်အားဝမ်း နည်းစေကြ၏။ သို့ဖြစ်၍ထာဝရဘုရား သည်သူတို့ကိုရန်ဘက်ပြုကာတိုက်ခိုက် တော်မူသတည်း။
သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
(သိနာတောင်မှကာဒေရှဗာနာအရပ်သို့ တောင်ထူထပ်သောဧဒုံပြည်လမ်းဖြင့် ခရီး သွားသော်တစ်ဆယ့်တစ်ရက်ကြာ၏။-)
ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ ငါသည်သူတို့ကိုမကူညီဘဲနေမည်။' ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။
ငါတို့သည်ရှေးခေတ်လူတို့နည်းတူသတင်း ကောင်းကိုကြားကြရ၏။ သို့ရာတွင်ထိုသူ တို့ကြားရသည့်သတင်းကောင်းသည် သူတို့ အတွက်အကျိုးမရှိချေ။ အဘယ်ကြောင့် ဆိုသော် သူတို့သည်သတင်းကောင်းကိုကြား ရသော်လည်း ယုံကြည်ခြင်းဖြင့်လက်မခံ ကြသောကြောင့်ဖြစ်၏။-