မိမိတို့ဘိုးဘေးများနည်းတူသစ္စာဖောက်၍ ပုန်ကန်ကြ၏။ သူတို့ကားလေးမှပစ်ထုတ်လိုက်သည့် လိမ်ကောက်နေသောမြားသဖွယ်စိတ်မချရ သူများဖြစ်၏။
တရားဟော 9:12 - Common Language Bible ``ထို့နောက်ထာဝရဘုရားကငါ့အား`အီဂျစ် ပြည်မှသင်ထုတ်ဆောင်ခဲ့သောသင်၏လူတို့ သည် စက်ဆုတ်ဖွယ်သောအမှုကိုပြုကြပြီ ဖြစ်သောကြောင့် တောင်ပေါ်မှချက်ချင်းဆင်း သွားလော့။ သူတို့သည်ငါမိန့်မှာတော်မူသမျှ ကိုပစ်ပယ်၍ သူတို့ကိုးကွယ်ရန်ရုပ်တုကို သွန်းလုပ်ကြပြီ' ဟုမိန့်တော်မူ၏။'' Garrad Bible ထ၍ ဤ အ ရပ် မှ အ သော့ ဆင်း သွား လော့။ အိ ဂျစ် ပြည် က ဆောင် ခဲ့ သော သင့် လူ မျိုး သည် ပျက် ယွင်း ကြ ပြီ။ ငါ မိန့် မှာ သော နည်း လမ်း မှ အ ဆော တ လျင် လွှဲ သွား လျက်၊ Judson Bible သင်သည်ထ၍ အလျင်အမြန်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်၍၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ၍၊ ရုပ်တုကိုသွန်းကြပြီဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘ထ၍ ဤနေရာမှ အလျင်အမြန်ဆင်းသွားလော့။ အီဂျစ်ပြည်မှ သင်ထုတ်ဆောင်လာသောလူတို့သည် ဖောက်ပြန်ကြပြီ။ သူတို့အား ငါမိန့်မှာထားသောလမ်းမှ မြန်မြန်ဆန်ဆန်လွဲသွားကြပြီ။ မိမိတို့အတွက် ရုပ်တုကိုသွန်းလုပ်ကြပြီ’ဟု မိန့်တော်မူ၏။ |
မိမိတို့ဘိုးဘေးများနည်းတူသစ္စာဖောက်၍ ပုန်ကန်ကြ၏။ သူတို့ကားလေးမှပစ်ထုတ်လိုက်သည့် လိမ်ကောက်နေသောမြားသဖွယ်စိတ်မချရ သူများဖြစ်၏။
ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
သို့ရာတွင်ထာဝရဘုရားက``ဣသရေလ အမျိုးသားနှင့်ယုဒအမျိုးသားတို့၊ သင် တို့ကိုငါမည်ကဲ့သို့စီရင်ရမည်နည်း၊ ငါ့ အားသင်တို့ထားသောမေတ္တာသည်နံနက် ဆီးနှင်းကဲ့သို့လည်းကောင်း၊ နှင်းပေါက်ကဲ့ သို့လည်းကောင်းပျောက်လွယ်လှ၏။-
ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်ယူတော်မူသောအရှင်ကို သင်တို့သည်ဤ မျှဆောလျင်စွာစွန့်ပစ်ကြပြီးလျှင် အခြား သတင်းကောင်းတစ်မျိုးကိုနာယူလျက်ရှိကြ သဖြင့်ငါအံ့သြမိ၏။-
ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
သင်တို့သည်ကားသစ္စာမစောင့်သော၊ ထာဝရဘုရား၏လူမျိုးတော်မဖြစ်ထိုက်သော၊ လိမ်လည်လှည့်ဖြားသောလူမျိုးဖြစ်ကြ၏။
သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုမဟာတန်ခိုး တော်ဖြင့်ကယ်တင်ခဲ့ကြောင်းကိုလည်းကောင်း သတိရကြလော့။ ထိုအကြောင်းကြောင့်ငါ သည်သင်တို့အားဥပုသ်နေ့ကိုစောင့်ရန် မိန့်မှာတော်မူ၏။
သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားမိန့်မှာသောပညတ်တော်ကိုနားမထောင် ဘဲ သင်တို့ကိုးကွယ်ရန်နွားသူငယ်ရုပ်တုကို သွန်းလုပ်သဖြင့် ထာဝရဘုရားအားပြစ်မှား ကြသည်ကိုငါတွေ့မြင်ရ၏။-
ငါက`အရှင်ထာဝရဘုရား၊ ကိုယ်တော်၏မဟာ တန်ခိုးတော်နှင့်လက်ရုံးတော်အားဖြင့် အီဂျစ် ပြည်မှကယ်တင်ထုတ်ဆောင်ခဲ့သောကိုယ်တော် ၏လူမျိုးတော်ကို သုတ်သင်ဖျက်ဆီးတော် မမူပါနှင့်။-
စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။''
သို့ရာတွင်ဤသူတို့သည်ကား မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ပြစ်တင်ရှုတ်ချတတ်ကြ၏။ တောတိရစ္ဆာန် များနည်းတူ မိမိတို့၏ပင်ကိုယ်ဇာတိစိတ် အားဖြင့်သိရှိနားလည်ရသည့်အရာများ ကလည်း သူတို့အားဆုံးရှုံးပျက်စီးစေ တတ်ကြ၏။-
သို့ရာတွင်ဣသရေလအမျိုးသားတို့ကမူ ထိုခေါင်းဆောင်တို့၏စကားကိုနားမထောင် ကြ။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား သစ္စာဖောက်၍အခြားဘုရားများ ကိုကိုးကွယ်ကြ၏။ သူတို့သည်ထာဝရဘုရား ၏ပညတ်တော်တို့ကိုဘိုးဘေးများစောင့်ထိန်း ခဲ့ကြသကဲ့သို့မစောင့်ထိန်းကြတော့ပေ။-