Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 9:16 - Common Language Bible

16 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သော​ပညတ်​တော်​ကို​နား​မ​ထောင် ဘဲ သင်​တို့​ကိုး​ကွယ်​ရန်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင် တို့ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော လမ်း မှ အ ဆော တ လျင် လွှဲ သွား လျက်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပြစ် မှား၍၊ နွား ရုပ် သွန်း လုပ် ကြ သည် ကို သိ မြင် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ နွား​သ​ငယ်​ရုပ်​တု​ကို သွန်း​ကြောင်း​နှင့် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား​ကြောင်း​ကို ငါ​သည်​ကြည့်​မြင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို​အချိန်​၌ သင်​တို့​သည် ထာဝရဘုရား​မိန့်မှာ​ထား​သည့်​လမ်း​မှ မြန်မြန်ဆန်ဆန်​လွဲသွား​ကြ​၍ မိမိ​တို့​အတွက် နွားသငယ်​ရုပ်တု​ကို​သွန်းလုပ်​ခြင်း​ဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ပြစ်မှား​ကြ​သည်​ကို ငါ​မြင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 9:16
5 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည်​စ​ခန်း​အ​နီး​သို့​ရောက်​ရှိ​သော အ​ခါ၊ နွား​ငယ်​ရုပ်​ကို​လည်း​ကောင်း၊ လူ​များ က​ခုန်​နေ​သည်​ကို​လည်း​ကောင်း၊ တွေ့​မြင်​ရ လျှင်၊ အ​လွန်​အ​မျက်​ထွက်​သ​ဖြင့်၊ သူ​ယူ ဆောင်​ခဲ့​သော​ကျောက်​ပြား​များ​ကို​တောင် ခြေ​ရင်း​၌​ပစ်​ချ​လိုက်​ရာ​အ​ပိုင်း​ပိုင်း​ကျိုး ကုန်​၏။-


အာ​ရုန်​သည်​နား​တောင်း​များ​ကို​အ​ရည် ကျို​ပြီး​လျှင်၊ ရွှေ​ဖြင့်​နွား​ငယ်​ပုံ​သွန်း​လုပ် လေ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​ငါ​တို့ ၏​ဘု​ရား​ဖြစ်​သည်'' ဟု​ဆို​လေ​၏။


``သို့​ဖြစ်​၍​ငါ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား နှစ်​ပြား​ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့ သည်။ တောင်​မှ​မီး​တောက်​မီး​လျှံ​များ​ထွက် လျက်​ရှိ​၏။-


ထို့​ကြောင့်​ငါ​သည်​သင်​တို့​ရှေ့​တွင်​ကျောက်​ပြား များ​ကို​ပစ်​ချ​သ​ဖြင့် ကျောက်​ပြား​များ​ကျိုး ပဲ့​ကြေ​မွ​ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ