ဘုရားသခင်၏လူမျိုးတော်သည် အရေအတွက်အားဖြင့်နည်းပါး၍၊ ခါနာန်ပြည်တွင်သူစိမ်းတစ်ရံဆံများ အဖြစ်ဖြင့် နေရကြ၏။
တရားဟော 7:7 - Common Language Bible ``သင်တို့သည်အခြားသောလူမျိုးများထက် လူဦးရေပိုများသောကြောင့် ထာဝရဘုရား သည်သင်တို့ကိုချစ်၍ရွေးချယ်ခြင်းမဟုတ်။ သင်တို့သည်ကမ္ဘာပေါ်တွင်လူဦးရေအနည်း ဆုံးလူမျိုးဖြစ်သည်။- Garrad Bible လူ မျိုး တ ကာ ထက် များ ပြား သော ကြောင့် ထာ ဝ ရ ဘု ရား စွဲ လမ်း၍ ရွေး ချယ် တော် မူ သည် မ ဟုတ်။ သင် တို့ သည် လူ မျိုး တ ကာ ထက် အ သေး အ နုပ် ပါ တ ကား။ Judson Bible သင်သည် အခြားသောလူမျိုးထက်သာ၍များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကိုချစ်၍ ရွေးချယ်တော်မူသည် မဟုတ်။ သင်သည် အခြားသောလူမျိုးတကာတို့ထက် သာ၍နည်း၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် လူမျိုးအပေါင်းတို့ထက် များပြားသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုနှစ်သက်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်တို့သည် လူမျိုးအပေါင်းတို့တွင် အနည်းဆုံးဖြစ်၏။ |
ဘုရားသခင်၏လူမျိုးတော်သည် အရေအတွက်အားဖြင့်နည်းပါး၍၊ ခါနာန်ပြည်တွင်သူစိမ်းတစ်ရံဆံများ အဖြစ်ဖြင့် နေရကြ၏။
ဘုရားသခင်၏လူစုတော်သည် အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။ အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။ သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊ သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
ငါအရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူကြောင်းကိုလည်း ပြောပြလော့။ ဣသရေလ လူမျိုးတို့ကိုငါရွေးကောက်တော်မူ၍ ယာကုပ် ၏အမျိုးအနွယ်တို့အားငါသည်ကတိပေး ကျိန်ဆိုခဲ့၏။ အီဂျစ်ပြည်တွင်ငါသည်သူတို့ အားထင်ရှားလျက် ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ကိုကျိန်ဆိုခဲ့၏။-
``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ယခုငါပြုမည့်အမှုသည်အသင်ဣသ ရေလအမျိုးသားတို့အတွက်ကြောင့်မဟုတ် ဘဲ ရောက်လေရာရာအရပ်တွင်သင်တို့အသ ရေဖျက်ခဲ့သည့်ငါ၏သန့်ရှင်းမြင့်မြတ်သော နာမတော်အတွက်ကြောင့်ဖြစ်၏။-
ထာဝရအသက်သို့ပို့ဆောင်ရာလမ်းနှင့်တံခါး ပေါက်သည်ကျဉ်းမြောင်းသောကြောင့် ထိုလမ်းကို တွေ့ရှိသူတို့သည်နည်းကြ၏။
``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။-
ကိုယ်တော်သည်ထိုသူတို့အားကျေးဇူးတော် ကိုအခြေခံ၍ရွေးကောက်တော်မူ၏။ သူတို့ ၏အကျင့်ကိုအခြေခံ၍ရွေးကောက်တော် မူသည်မဟုတ်။ အကယ်၍ဘုရားသခင်၏ ရွေးကောက်တော်မူခြင်းသည် လူ့အကျင့်ကို အခြေခံလျှင်ကိုယ်တော်၏ကျေးဇူးတော် သည်အစစ်အမှန်မဟုတ်။
သို့ဖြစ်၍ကိုယ်တော်သည်မိမိသနားလိုသူကို သနားတော်မူ၍ မိမိခေါင်းမာစေလိုသူကို ခေါင်းမာစေတော်မူ၏။
အိုးထိန်းသည်၌ရွှံ့စေးကိုမိမိအလိုဆန္ဒ အတိုင်းပြုလုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။ သူသည်ရွှံ့တုံးတစ်ခုတည်းမှအိုးကောင်း အိုးညံ့ကိုပြုလုပ်ပိုင်သည်မဟုတ်လော။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
သင်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ သွားစဉ်ကလူဦးရေအားဖြင့်ခုနစ်ဆယ် မျှသာရှိ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ယခုအခါ သင်တို့ကိုမိုးကောင်းကင်ကြယ်နှင့်အမျှ လူဦးရေများပြားစေတော်မူပြီ။''
ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။''
ထာဝရဘုရားသည်သင်တို့၏ဘိုးဘေး တို့ကိုချစ်တော်မူသောကြောင့် သူတို့၏အဆက် အနွယ်များကိုရွေးကောက်တော်မူ၍ မဟာ တန်ခိုးတော်ဖြင့်ကိုယ်တော်တိုင် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့လေ သည်။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
မေတ္တာဟုဆိုရာ၌ဘုရားသခင်အတွက်ငါ တို့ထားရှိသည့်မေတ္တာကိုမဆိုလို။ ငါတို့သည် အပြစ်များမှပြေလွတ်ခွင့်ရရှိ၍ ပူဇော်ဆက် ကပ်တော်မူသောသားတော်ကိုစေလွှတ်တော် မူခြင်းအားဖြင့် ငါတို့အားဘုရားသခင်ပြ တော်မူသောမေတ္တာတော်ကိုဆိုလိုပေသည်။