ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
တရားဟော 7:10 - Common Language Bible သို့ရာတွင်ကိုယ်တော်ကိုမုန်းသောသူတို့ အားချက်ချင်းဒဏ်ခတ်တော်မူမည်။- Garrad Bible ကိုယ် တော် အား မုန်း ထား သော သူ တို့ ကို ကား၊ မ ဆိုင်း မ လင့် ဘဲ၊ ဆပ် ပေး ဖျက် ဆီး တော် မူ သော ဘု ရား မှန် ကြောင်း သိ မှတ် လျက်၊ Judson Bible ကိုယ်တော်ကိုမုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသောဘုရား ဖြစ်တော်မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသောသူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေးတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကို မုန်းတီးသောသူတို့ကိုကား ပျက်စီးစေခြင်းဖြင့် ဒဏ်ခတ်သောဘုရားဖြစ်တော်မူကြောင်း သိမှတ်ကြလော့။ ကိုယ်တော်သည် မိမိကိုမုန်းတီးသောသူတို့အား အလျင်အမြန် ဒဏ်ခတ်တော်မူမည်။ |
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။
မိမိတို့အပြစ်အလျောက်ဒဏ်ခတ်တော်မူ လိမ့်မည်။ ကိုယ်တော်ရှင်၏ရန်သူများသည် အမျက်တော်ကိုခံရ၍ အကျိုးအပြစ်ကို ပေးဆပ်ရမည်။ ရပ်ဝေးတွင်နေထိုင်လျက်ရှိ ကြသူများပင်လျှင် ထိုအပြစ်ဒဏ်နှင့် ကင်းလွတ်ကြလိမ့်မည်မဟုတ်။-
ကိုယ်တော်ရှင်သည်ထောင်ပေါင်းများစွာသော လူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြ တော်မူခဲ့ပါပြီ။ သို့ရာတွင်လူတို့အား မိမိတို့ဘိုးဘေးများ၏အပြစ်များ အတွက်ဒဏ်ခတ်တော်မူခဲ့ပါ၏။ ကိုယ်တော် ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုးတော် နှင့်ပြည့်စုံတော်မူသည့်ဘုရားဖြစ်တော် မူပါ၏။ ကိုယ်တော်ရှင်သည်အနန္တတန်ခိုး ရှင်ထာဝရဘုရားဖြစ်ပါ၏။-
ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
ပဋိညာဉ်သေတ္တာတော်ခရီးစထွက်သည့်အခါ မောရှေက``အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့ကိုကစဥ့်ကလျား ဖြစ်စေ၍ ကိုယ်တော်အားမုန်းတီးသူတို့ကို ထွက်ပြေးစေတော်မူပါ'' ဟူ၍လည်း ကောင်း၊-
မိတ်ဆွေတို့ဘယ်သောအခါမျှလက်စား မချေကြနှင့်။ ဘုရားသခင်ကသာအပြစ် ဒဏ်စီရင်တော်မူပါစေ။ ကျမ်းစာတော်တွင် ``ထာဝရဘုရားက `ငါသည်လက်စားချေ မည်။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်' ဟုမိန့်တော်မူ၏'' ဟုဖော်ပြသည်။-
စစ်ဘေးကြောင့်လူတို့သည်လမ်းများပေါ်၌ သေဆုံးကြလိမ့်မည်။ နေအိမ်များတွင်ကြောက်မက်ဖွယ်ရာဘေးနှင့် တွေ့ကြုံရလိမ့်မည်။ ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သေဆုံးရကြလိမ့်မည်။ နို့စို့ကလေးနှင့်အဖိုးအိုတို့သေဆုံးရကြလိမ့်မည်။
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။
ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
ထို့ကြောင့်သင်တို့အား ယနေ့ငါသွန်သင်ပေး အပ်သောပညတ်ရှိသမျှတို့ကိုလိုက်နာ ကျင့်သုံးကြလော့။''
သင်တို့၏ဘုရားသခင်ထာဝရဘုရားသာ လျှင် ဘုရားဖြစ်တော်မူကြောင်း၊ သစ္စာတော်တည် မြဲကြောင်းသိမှတ်လော့။ ထာဝရဘုရားသည် မိမိကိုချစ်၍ပညတ်တော်များကိုလိုက်နာ သောသူတို့၏အမျိုးအစဉ်အဆက်ထောင် သောင်းအထိ မိမိ၏ပဋိညာဉ်ကိုတည်စေ ၍သူတို့အားမေတ္တာကရုဏာကိုပြတော် မူမည်။-