ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။-
တရားဟော 6:15 - Common Language Bible သင်တို့နှင့်အတူရှိတော်မူသောဘုရားသခင် ထာဝရဘုရားသည် ပြိုင်ဘက်ကိုလုံးဝလက်ခံ တော်မမူ။ ထို့ကြောင့်သင်တို့သည်အခြားသော ဘုရားကိုဝတ်ပြုလျှင် အမျက်တော်သည်မီး ကဲ့သို့တောက်လောင်၍ သင်တို့အပေါင်းကိုသေ ကြေပျက်စီးစေလိမ့်မည်။'' Judson Bible သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက်ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့်အတူရှိတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သဝန်တိုတတ်သောဘုရားဖြစ်တော်မူ၏။ ထို့ကြောင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အပေါ်အမျက်ထွက်၍ သင်တို့ကို မြေကြီးပေါ်မှ ဖျက်ဆီးတော်မူမည်ကို စိုးရိမ်ရ၏။ |
ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။-
ဤသို့သူကူးလွန်သည့်အပြစ်ကြောင့်သူ၏ မင်းဆက်သည်လုံးဝပျက်သုဉ်း၍သွားလေ၏။
သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
အဘယ်သူသည်ကိုယ်တော်ရှင်၏အမျက်တော် အရှိန် အပြည့်အဝကိုခံဖူးပါသနည်း။ ကိုယ်တော်ရှင်၏အမျက်တော်သည်မည်မျှ ကြောက်လန့်ဖွယ်ကောင်းကြောင်းကို အဘယ်သူသည်သိရှိပါသနည်း။
ကိုယ်တော်ရှင်၏အမျက်တော်ကြောင့် ကျွန်တော်မျိုးတို့သည်ပျက်စီးကြပါ၏။ အမျက်တော်အရှိန်ကြောင့်ကြောက်လန့် တုန်လှုပ်ကြပါ၏။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
သင့်အားဖယ်ရှားပစ်တော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားကိုယ်တော်တိုင်မိန့်တော်မူ လေပြီ။ သင်သည်ပြည်သူတို့အား ထာဝရ ဘုရားကိုပုန်ကန်ရန်လှုံ့ဆော်ပြောဆိုသည် ဖြစ်၍ဤနှစ်မကုန်မီသေရလိမ့်မည်'' ဟု ဆို၏။
တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-
ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
ငါအရှင်ထာဝရဘုရားသည်အပြစ်များ လှသော ဤဣသရေလနိုင်ငံကိုသတိဖြင့် စောင့်ကြည့်နေပြီ။ ဤနိုင်ငံကိုမြေပေါ်မှ ကွယ်ပျောက်သွားအောင်ပယ်ဖျက်တော့မည်။ သို့သော်လည်းငါသည်ယာကုပ်အမျိုးအနွယ် အားလုံးကိုဖျက်ဆီးမည်မဟုတ်ဟုထာဝရ ဘုရားမိန့်တော်မူ၏။
ငါသည်ထာဝရဘုရားဖြစ်၍ ဣသရေလ အမျိုးသားတို့တွင်ကျိန်းဝပ်တော်မူသဖြင့် ပြည်တော်ကိုမညစ်ညမ်းစေရ'' ဟုမိန့် တော်မူ၏။
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။
အခြားသောဘုရားများကိုဝတ်ပြုကိုးကွယ် လျှင် ထာဝရဘုရားသည်သင်တို့ကိုအမျက် ထွက်၍ မိုးကိုမရွာစေသဖြင့်လယ်မြေများ ခြောက်သွေ့၍ အသီးအနှံများမဖြစ်ထွန်း နိုင်ရှိလိမ့်မည်။ ထိုအခါထာဝရဘုရားပေး သနားတော်မူသောပြည်သည်ကောင်းမွန်သော် လည်း သင်တို့သည်မကြာမီသေကြေပျက်စီး ကြလိမ့်မည်။''
ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
ထိုသို့ပြုလျှင်သင်တို့သည်သင်တို့၏သား သမီးများအား ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုကိုးကွယ်စေ ကြလိမ့်မည်။ ထိုအခါထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကိုချက်ခြင်းဖျက် ဆီးပစ်တော်မူလိမ့်မည်။-
သင်တို့သည်သစ္စာဖောက်၍သင်တို့တွင်ကျန် ရှိနေသေးသော အခြားလူမျိုးများနှင့် ပေါင်းဖက်အိမ်ထောင်ဖက်ပြုကြလျှင်၊-
သင်တို့သည်ပဋိညာဉ်ကိုစောင့်ထိန်းရန်သင် တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာ တော်မူသော်လည်း မစောင့်ထိန်းဘဲအခြား သောဘုရားများကိုဝတ်ပြုကိုးကွယ်ကြလျှင် ကိုယ်တော်သည်အမျက်ထွက်တော်မူသဖြင့် ပေးသနားတော်မူသောဤသာယာသော ပြည်တွင်သင်တို့တစ်ယောက်မကျန်သေကြေ ပျက်စီးသည်အထိ သင်တို့အားဒဏ်ခတ် တော်မူလိမ့်မည်'' ဟုမိန့်မှာလေ၏။