ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
တရားဟော 33:7 - Common Language Bible ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။ အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။ အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။ သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။'' Garrad Bible ယု ဒ အ နွယ် ကို ရည်၍ ဖွဲ့ ဆို သည် မှာ၊ အို ထာ ဝ ရ ဘု ရား၊ ယု ဒ တောင်း လျှောက် သံ ကို နား ညောင်း၍ အ မျိုး သား ချင်း တို့ နှင့် ဆည်း ကပ် စေ တော် မူ ပါ။ လူ မျိုး တော့် အ ဖို့ ကိုယ့် လက် ရုံး ဖြင့် တိုက် ခဲ့ သည့် အ လျောက် ရန် သူ တို့ တစ် ဘက်၌ စစ် ကူ တော် မူ ပါ ဟူ၍ တည်း။ Judson Bible ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကားသံကိုနားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဖို့ တန်ပါစေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း ယုဒအမျိုးကိုကား၊ အို ထာဝရဘုရား၊ ယုဒတောင်းလျှောက်သံကို နားညောင်းတော်မူ၍ သူ့လူမျိုးတို့ထံသို့ သူ့ကို ပို့ဆောင်တော်မူပါ။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရပါ၏။ သူ့ကိုရန်ပြုသောသူတို့လက်မှ ကိုယ်တော်သည် ကူညီမစသောအရှင်ဖြစ်တော်မူပါစေသော။ |
ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
ထိုအခါဣသရေလအနွယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာရောက်၍ဒါဝိဒ် အား``အရှင်နှင့်အကျွန်ုပ်တို့သည်သွေးသား ချင်းဖြစ်ကြပါ၏။-
ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
သင်သည်သစ်ပင်များထိပ်၌စစ်ချီသံကို ကြားသောအခါစတင်တိုက်ခိုက်လော့။ ထို အခါ၌ငါသည်ဖိလိတ္တိတပ်ကိုချေမှုန်း ရန်သင်၏ရှေ့မှကြွနှင့်မည်''ဟုမိန့်တော်မူ၏။-
နေ့တိုင်းလိုပင်ဒါဝိဒ်၏တပ်ဖွဲ့ထဲသို့လူသစ် များဝင်ရောက်လာကြသဖြင့် သူ၏တပ်မတော် သည်အလွန်အင်အားကြီးမားလာလေသည်။
ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။
ကိုယ်တော်သည်အရှင်မင်းကြီးအားဗိမာန် တော်ထဲက အကူအညီပေးတော်မူပါစေသော။ ဇိအုန်တောင်တော်ပေါ်မှအထောက်အကူ ပေးတော်မူပါစေသော။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။
သူတို့ကိုရွေးချယ်မည့်အစား၊ယုဒ အမျိုးအနွယ်ကိုလည်းကောင်း၊ ကိုယ်တော်လွန်စွာချစ်မြတ်နိုးသည့် ဇိအုန်တောင်တော်ကိုလည်းကောင်း ရွေးချယ်တော်မူ၏။
ကိုယ်တော်သည်မိမိ၏အစေခံဒါဝိဒ်ကို ရွေးချယ်တော်မူ၏။ သိုးများကိုထိန်းကျောင်းရာမှသူ့ကိုခေါ်ယူ တော်မူ၍ ဣသရေလအမျိုးသားတို့၏ဘုရင်၊ ဘုရားသခင်လူစုတော်ကိုစောင့်ထိန်းသော သိုးထိန်းအဖြစ်ခန့်ထားတော်မူ၏။
ငါသည်သူ့အားအစဉ်ချစ်မြတ်နိုး၍သစ္စာ စောင့်မည်။ သူ့အားအစဉ်အောင်ပွဲခံစေမည်။
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
ထာဝရဘုရားရွေးချယ်တော်မူသောပ္ဂိုလ် များမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ခေါင်းဆောင် ယုဒ ယေဖုန္နာ၏သားကာလက် ရှိမောင် အမိဟုဒ်၏သားရှေမွေလ ဗင်္ယာမိန် ခိသလုန်၏သားဧလိဒဒ် ဒန် ယောဂလိ၏သားဗုက္ကိ မနာရှေ ဧဖုဒ်၏သားဟံယေလ ဧဖရိမ် ရှိဖတန်၏သားကေမွေလ ဇာဗုလုန် ပါနက်၏သားဧလိဇဖန် ဣသခါ အဇ္ဇန်၏သား ပါလတေလ အာရှာ ရှေလောမိ၏သားအဘိဟုဒ် နဿလိ အမိဟုဒ်၏သားပေဒဟေလ
ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
ဘုရားသခင်သည်ရန်သူအပေါင်းကိုနှိမ်နင်း ၍ခရစ်တော်၏ခြေဖဝါးအောက်သို့ရောက် စေတော်မူမည့်အချိန်မရောက်မီ ခရစ်တော် သည်အုပ်စိုးတော်မူရမည်။-
ကိုယ်တော်သည်ယုဒအမျိုးအနွယ်မှဆင်းသက် တော်မူသည်မှာသိသာထင်ရှား၏။ ယဇ်ပုရော ဟိတ်အရာသည် ယုဒအမျိုးအနွယ်နှင့်ပတ် သက်ကြောင်းကိုမောရှေသည်တစ်ခွန်းမျှမပြော ပေ။