သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
တရားဟော 32:50 - Common Language Bible သင်၏အစ်ကိုအာရုန်သည်ဟောရတောင်ပေါ် တွင် အနိစ္စရောက်ရသည့်နည်းတူ သင်သည်လည်း ထိုတောင်ပေါ်၌အနိစ္စရောက်ရမည်။- Garrad Bible ဇိ န တော၊ ကာ ဒေ ရှ မြို့၊ မေ ရိ ဘ ရေ အ နီး၌ ထို လူ မျိုး တို့ အ လယ် တွင် အ မိန့် တော် ကို လွန် ကျူး၍၊ ငါ့ အား သီး သန့် မှု ကို မ ပြု ကြ သော ကြောင့် အစ် ကို အာ ရုန် သည် ဟော ရ တောင် တွင် သေ လွန်၍ ဘိုး ဘေး တို့ ထံ သွား ရ သည့် နည်း တူ၊ သင် လည်း ဤ တောင်၌ သေ လွန်၍ ဘိုး ဘေး တို့ ထံ သွား ရ မည်။ Judson Bible သင့်အစ်ကိုအာရုန်သည် ဟောရတောင်ပေါ်မှာသေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာသေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ရောက်လော့။ မြန်မာ့စံမီသမ္မာကျမ်း သင့်အစ်ကိုအာရုန်သည် ဟောရတောင်ပေါ်၌သေဆုံး၍ မိမိလူမျိုးစုစည်းရာသို့သွားရသည့်နည်းတူ သင်သည်လည်း ဤတောင်ပေါ်၌ သေဆုံးရမည်။ သင့်လူမျိုးစုစည်းရာသို့သွားရမည်။ |
သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
ယာကုပ်သည်သားတို့အားယင်းသို့မှာကြား ပြီးနောက်အိပ်ရာပေါ်တွင်လဲလျောင်း၍ကွယ် လွန်လေ၏။
``ဒံယေလ၊ သင်သည်လည်းအဆုံးတိုင်အောင် သစ္စာရှိလော့။ ထိုနောက်သင်သည်သေလိမ့်မည်။ သို့ရာတွင်သင်သည်ကပ်ကာလကုန်ဆုံးချိန် ၌ ဆုတော်လာဘ်တော်ကိုခံယူရန်ရှင်ပြန် ထမြောက်လိမ့်မည်'' ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးသား သောအနာဂတ္တိကျမ်းပြီး၏။
နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
ထာဝရဘုရား၏အမိန့်တော်အရ ယဇ် ပုရောဟိတ်အာရုန်သည်ဟောရတောင်ပေါ် သို့တက်လေ၏။ ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှ ထွက်လာခဲ့ပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ လဆန်း တစ်ရက်နေ့တွင်အသက်တစ်ရာ့နှစ်ဆယ့် သုံးနှစ်ရှိသောအာရုန်သည် ထိုတောင်ပေါ် တွင်အနိစ္စရောက်လေသည်။
ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊-
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ကိုယ်တော်၏အစေခံမောရှေသည် မောဘပြည်တွင်အနိစ္စရောက်လေ၏။-