ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
တရားဟော 31:12 - Common Language Bible ယောကျာ်း၊ မိန်းမ၊ ကလေး၊ သင်တို့မြို့များ တွင်နေထိုင်သောလူမျိုးခြားမှစ၍ လူ အပေါင်းတို့ကိုစုဝေးစေသဖြင့်သူတို့ သည် ထိုပညတ်တရားတော်ကိုကြားရ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့လျက် တရားတော်ကိုတသဝေ မတိမ်းစောင့်ထိန်းကြလိမ့်မည်။- Judson Bible ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တစ်ပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ သင်တို့၏မြို့၌ရှိသော တိုင်းတစ်ပါးသားတို့သည် ပညတ်တရားစကားရှိသမျှတို့ကို ကြားနာ၍သင်ယူမည့်အကြောင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ကြောက်ရွံ့၍ ပညတ်တရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သူတို့ကို စုရုံးစေလော့။ |
ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
ထို့ကြောင့်သူတို့သည်မောရှေမှာကြားသော အရာရှိသမျှကို တဲတော်အရှေ့သို့ယူ ဆောင်ခဲ့ကြ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ထာဝရဘုရား အားဝတ်ပြုရန်စုဝေးရောက်ရှိလာကြ၏။-
ထိုအခါရှာလသေလ၏သားဇေရုဗ ဗေလ၊ ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏ သားယောရှုနှင့်ကျန်ကြွင်းသောပြည်သူ အပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရားမိန့်မှာစေခိုင်းတော်မူသည့် အမှုတို့ကိုပြုကြ၏။ သူတို့သည်ကြောက် လန့်သဖြင့် ထာဝရဘုရား၏စေလွှတ် တော်မူသောတမန်တော်ပရောဖက်ဟ္ဂဲ ပြောဆိုသည့်စကားကိုနားထောင်ကြ၏။-
ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။-
``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။
သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။
ဤနည်းအားဖြင့်ထာဝရဘုရား၏ပညတ် တရားတော်ကိုမကြားဘူးသော သင်တို့၏ အဆက်အနွယ်တို့သည်ကြားရလိမ့်မည်။ သို့ မှသာသူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍သိမ်းယူမည့်ပြည်တွင်နေထိုင်သမျှကာလ ပတ်လုံး ထာဝရဘုရား၏အမိန့်တော်ကို နာခံလာတတ်ကြလိမ့်မည်'' ဟုဆိုလေ၏။
သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''
ခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။-
ယောရှုသည်အမျိုးသမီးနှင့်ကလေးများ၊ သူတို့နှင့်အတူနေထိုင်သောလူမျိုးခြား များအပါအဝင် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့၌မောရှေပေးသောပညတ် ရှိသမျှကိုဖတ်ရွတ်လေသည်။