(ဟေရမုန်တောင်ကိုဇိဒုန်အမျိုးသားတို့က စိရုန်ဟူ၍လည်းကောင်း၊ အာမောရိအမျိုး သားတို့က ရှနိရဟူ၍လည်းကောင်းခေါ်ဝေါ် သမုတ်ကြ၏။-)
ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍လည်းကောင်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။
(ဟေရမုန်တောင်ကိုဆီဒုန်လူမျိုးတို့က စိရုန် ဟုခေါ်ကြ၍ အာမောရိလူမျိုးတို့က စနိရ ဟုခေါ်ကြ၏။)
အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။-
ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။ ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့် တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။
ကိုယ်တော်သည်လေဗနုန်တောင်တို့ကို နွားသူငယ်များကဲ့သို့ခုန်ပေါက်စေတော် မူ၏။ ဟေရမုန်တောင်ကိုလည်းနွားသိုးပျိုကဲ့သို့ ခုန်စေတော်မူ၏။
ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်သည်ဟေရမုန်တောင်နှင့် မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။
သူတို့သည်ဟေရမုန်တောင်မှ ထင်းရှူးပင်များကိုပျဉ်အတွက်၊ လေဗနုန်တောမှအာရစ်ပင်ကို ရွက်တိုင်အတွက်အသုံးပြုကြ၏။
ဣသရေလအမျိုးသားတို့သိမ်းယူသော နယ်မြေသည်တောင်ဘက်ဧဒုံပြည်အနီး၊ ဟာလက်တောင်မှမြောက်ဘက်ဟေရမုန် တောင်၏တောင်ဘက်လေဗနုန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်မြို့တိုင်အောင်ကျယ်ပြန့်လေသည်။ ယောရှုသည်ထိုနယ်မြေကိုအုပ်စိုးသော မင်းများနှင့်ကြာမြင့်စွာစစ်တိုက်ရသည်။ သို့ရာတွင်သူသည်ထိုမင်းအားလုံးတို့ ကိုလက်ရဖမ်းဆီးကွပ်မျက်ခဲ့လေသည်။-