ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
တရားဟော 3:10 - Common Language Bible ငါတို့သည်ဗာရှန်ဘုရင်သြဃမင်းပိုင်သော မြေပြန့်ရှိမြို့များကိုလည်းကောင်း၊ အရှေ့ဘက် ရှိသာလကမြို့နှင့် ဧဒြိမြို့များအထိကျယ် ပြန့်သောဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အားလုံး ကိုလည်းကောင်းသိမ်းယူခဲ့ကြသည်။'' Judson Bible ချိုင့်၌ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည်တစ်လျှောက်လုံး၊ ဩဃမင်း၏နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြိမြို့တိုင်အောင် ဗာရှန်ပြည်တစ်လျှောက်လုံးကို သိမ်းယူကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံရှိ မြို့များဖြစ်သည့် သာလကနှင့်ဧဒြိတိုင်အောင် လွင်ပြင်ရှိမြို့အားလုံး၊ ဂိလဒ်ပြည်တစ်ပြည်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးကို သိမ်းယူကြ၏။ |
ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
ဂဒ်အနွယ်ဝင်တို့သည်ရုဗင်အနွယ်ဝင်တို့ နေထိုင်ရာအရပ်၏ မြောက်ဘက်ရှိဗာရှန် ပြည်တွင်နေထိုင်ကြ၏။ သူတို့၏ဒေသ သည်သလကာမြို့တိုင်အောင်ကျယ်ပြန့်၏။-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။-
ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
ထိုနယ်မြေတွင်ယော်ဒန်မြစ်အရှေ့ဘက်ရှိ ဒေသတစ်ခုလုံးပါဝင်၏။ ယင်းဒေသသည် တောင်ဘက်ပင်လယ်သေအထိ အရှေ့ဘက် ပိသဂါတောင်ခြေအထိကျယ်ဝန်းလေသည်။
သူတို့၏နယ်မြေသည်(အာနုန်မြစ်ဝှမ်းပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်းအထက်ရှိမြို့များ အထိကျယ်ပြန့်၍ မေဒဘမြို့ပတ်လည်ရှိ ကုန်းပြင်မြင့်တစ်ခုလုံးပါဝင်သည်။-
သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-
ဂိလဒ်ပြည်တစ်ဝက်နှင့်သြဃမင်းအစိုးရ သောဗာရှန်ပြည်၏မြို့တော်များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့များလည်း ပါဝင်သည်။ အထက်ဖော်ပြပါနယ်မြေသည် မနာရှေ၏သားမာခိရ၏မိသားစုတစ် ဝက်တို့အတွက်ဝေစုဖြစ်သည်။