မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
သင် တို့ ဦး ခေါင်း ထက် ရှိ မိုး ပြင် သည် ကြေး ကဲ့ သို့လည်း ကောင်း၊ အောက် ရှိ မြေ ပြင် သည် သံ ကဲ့ သို့လည်း ကောင်း၊ ဖြစ် လျက်၊
သင့်ခေါင်းပေါ်မှာ မိုးကောင်းကင်သည် ကြေးဝါကဲ့သို့လည်းကောင်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
သင့်ဦးခေါင်းအထက်ရှိမိုးကောင်းကင်သည် ကြေးနီကဲ့သို့လည်းကောင်း၊ သင့်အောက်ရှိမြေသည် သံကဲ့သို့လည်းကောင်း ဖြစ်မည်။
ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
ဧလိယသည်လည်းသွားလေ၏။ ထိုအချိန်အခါ၌ ရှမာရိပြည်မိုးခေါင်မှု သည် အဆိုးဆုံးအခြေအနေသို့ရောက် လျက်ရှိ၏။-
သင်တို့၏မာန်စွယ်ကိုငါချိုးမည်။ သင်တို့ ပြည်တွင်မိုးမရွာသဖြင့် မြေကြီးသည် ခြောက်သွေ့၍သံကဲ့သို့မာကြောလိမ့်မည်။-
သင်တို့ပျိုးပင်အတွက်မိုးရေအလိုဆုံး သောအချိန်တွင်ငါသည်မိုးခေါင်စေခဲ့၏။ တစ်မြို့ပေါ်၌သာရွာသွန်းစေပြီးကျန်တစ် မြို့ပေါ်သို့မရွာစေရန် တားခဲ့သူမှာငါပင် ဖြစ်၏။ လယ်တစ်ခင်းသည်မိုးကိုရ၍ကျန် တစ်ခင်းမှာမူသွေ့ခြောက်ခဲ့လေပြီ။-
ဤအကြောင်းကြောင့်ပင်လျှင်မိုးသည်ခေါင် လျက် အဘယ်အသီးအနှံကိုမျှသင်တို့ သည်စိုက်ပျိုး၍မရကြ။-
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
ထာဝရဘုရားသည် မိုးရွာစေမည့်အစား ဖုံမုန်တိုင်း၊ သဲမုန်တိုင်းများကျရောက်စေ သဖြင့်သင်တို့သည်သေကြေပျက်စီးကုန် ကြလိမ့်မည်။