စပျစ်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန်သော အသီးများကို လူမျိုးခြားများမိဘမဲ့ ကလေးများနှင့် မုဆိုးမများအတွက်ချန် ထားရမည်။-
စ ပျစ် သီး ကို ဆွတ် ခူး ကြ ပြီး လျှင်၊ ကောက် သင်း မ ကောက် ဘဲ ဝင် နေ သူ၊ ဘ သက် ဆိုး၊ မု ဆိုး မ တို့ အ ဖို့ ရှိ စေ။
သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူသောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်းသောအသီးသည် တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ဖြစ်ရမည်။
သင်၏စပျစ်ခြံမှ စပျစ်သီးကိုဆွတ်ခူးပြီးနောက် ကောက်သင်းမကောက်ရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
``သူခိုးတို့သည်ညဥ့်အခါလာခဲ့သော်၊ မိမိတို့အလိုရှိရာပစ္စည်းများကိုသာ လျှင် ယူငင်သွားကြ၏။ စပျစ်သီးဆွတ်ခူးရန်လာသောသူတို့သည် လည်း၊ စပျစ်သီးအနည်းငယ်ကိုချန်ထားခဲ့တတ် ကြ၏။ သို့ရာတွင်သင်၏ရန်သူတို့မူကား၊သင်၏ ပစ္စည်းများကို အကုန်အစင်သိမ်းယူသွားကြလေပြီ။
``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။-
သံလွင်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန် သောအသီးများကိုလူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများ အတွက်ချန်ထားရမည်။-
သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ရ ဖူးကြောင်းကို ဘယ်သောအခါမျှမမေ့ ကြနှင့်။ ထို့ကြောင့်ငါသည်သင်တို့အားဤ ပညတ်ကိုပေး၏။