``ဣသရေလလူမျိုးထဲမှယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေကိုးကွယ်ရာဌာနဆိုင်ရာ ပြည့်တန်ဆာအလုပ်ကိုမလုပ်ရ။-
ဣ သ ရေ လ ပြည် သူ ပြည် သား တို့ တွင်၊ ပြည် တန် ဆာ မ၊ ပြည် တန် ဆာ ယောက်ျား မ ရှိ စေ ရ။
ဣသရေလအမျိုးသမီးတို့တွင် ပြည့်တန်ဆာမရှိရ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ။
အစ္စရေးအမျိုးသမီးများထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာမိန်းမပြည့်တန်ဆာမရှိရ။ အစ္စရေးအမျိုးသားထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာမရှိရ။
အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
သူသည်ရုပ်တုကိုးကွယ်ဝတ်ပြုရာဌာနများ တွင် ပြည့်တန်ဆာအလုပ်ကိုလုပ်နေသောအမျိုး သားအမျိုးသမီးများကို တိုင်းပြည်မှနှင်ထုတ် ပြီးလျှင် မိမိ၏ဘိုးတော်ဘေးတော်ဘုရင်များ ပြုလုပ်ခဲ့သည့်ရုပ်တုများကိုဖယ်ရှားပစ်တော် မူ၏။-
သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင်ခမည်း တော်အာသလက်ထက်မှ ကျန်ရစ်ခဲ့သည့်အမျိုး သားပြည့်တန်ဆာများနှင့်အမျိုးသမီးပြည့် တန်ဆာများအားလုံးကိုသုတ်သင်ပယ်ရှင်း တော်မူ၏။
ဘာသာရေးဆိုင်ရာပြည့်တန်ဆာ တို့၏နေအိမ်များကိုလည်းဖျက်ဆီးတော်မူ၏။ (အာရှာရဘုရားမအားဝတ်ပြုကိုးကွယ်ရာ ၌ အသုံးပြုသည့်ဝတ်လုံများကိုထိုနေအိမ် များတွင်အမျိုးသမီးတို့ရက်လုပ်ကြသည်။-)
အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။
အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊
သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။
``ခါနာန်နတ်ဘုရားများကို ကိုးကွယ်ရာဌာနနှင့် ဆိုင်သောပြည့်တန်ဆာများအဖြစ် မိမိသမီး များကိုစေခိုင်းခြင်းအားဖြင့်သူတို့၏အသရေ ကိုမပျက်စေနှင့်။ ထိုသို့ပြုလျှင်သင်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍အကျင့်ပျက် ကုန်ကြလိမ့်မည်။-
ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊-
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
သူသည်ထိုမိန်းမ၏ဖခင်အား မင်္ဂလာကြေး ငွေသားငါးဆယ်ပေးလျော်စေရမည်။ ထိုသူ သည်မိန်းမနှင့်အဋ္ဌမ္မကာမစပ်ယှက်ခဲ့သဖြင့် မိမိ၏မယားအဖြစ်သိမ်းပိုက်ရမည်။ သူ အသက်ရှင်နေသမျှကာလပတ်လုံးထို မိန်းမကိုမကွာရှင်းစေရ။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
ယင်းသို့သူတို့ပျော်မွေ့လျက်နေကြစဉ် ထို မြို့ကအဋ္ဌမ္မသားအချို့တို့သည်အိမ်ကို ဝိုင်းရံထားပြီးနောက်တံခါးကိုထုရိုက် ကြ၏။ အဖိုးအိုအားလည်း``သင်နှင့်အတူ လိုက်လာသူကိုခေါ်ထုတ်ပေးပါ။ ငါတို့ သူနှင့်ကာမရာဂဆက်ဆံလိုပါသည်'' ဟုဆိုကြ၏။