သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။
တရားဟော 21:21 - Common Language Bible ထို့နောက်မြို့သားအပေါင်းတို့က ထိုသားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ ဤနည်းအား ဖြင့်သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။ ဣသရေလအမျိုးသားအပေါင်း တို့သည် ထိုသတင်းကိုကြားရသဖြင့် ကြောက်ရွံ့ကြလိမ့်မည်။'' Garrad Bible မြို့ ရွာ နေ ယော က်ျား အ ပေါင်း တို့ သည် ခဲ ပစ် သတ် ဒဏ် ခတ် ကြ စေ။ သို့ မှ သင် တို့ ဘောင် တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် သ ဖြင့်၊ ဣ သ ရေ လ တစ် မျိုး လုံး ကြား သိ ကြောက် ရွံ့ ကြ လိမ့် မည်။ Judson Bible မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသတင်းကိုကြား၍ ကြောက်ရွံ့ခြင်းရှိကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း မြို့သားယောက်ျားအပေါင်းတို့သည် ထိုသူကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။ သို့မှသာ အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ ကြောက်ရွံ့ကြလိမ့်မည်။ |
သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။
အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
ဣသရေလအမျိုးသားတို့အားအောက်ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲကဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သားသမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော်လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့်ပစ်သတ်ရမည်။-
``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။
``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
သူ့အားသေဒဏ်စီရင်ရမည်ဟူ၍ဣသရေလ အမျိုးသားတို့အားပြောရမည်။ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလနိုင်ငံတွင်နေ ထိုင်သောလူမျိုးခြားဖြစ်စေ၊ ထာဝရဘုရား ကိုကျိန်ဆဲလျှင်ဣသရေလတစ်မျိုးသား လုံးက ထိုသူကိုခဲဖြင့်ပစ်သတ်ရမည်။
ယဇ်ပုရောဟိတ်သည်ဣသရေလအမျိုး သားအပေါင်းအတွက် သန့်စင်ခြင်းဝတ် ကိုပြုရမည်။ ထိုအခါသူတို့သည်အပြစ် လွတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်အမှတ်မထင်မှားယွင်းမိ၍ ပူဇော် သကာအဖြစ်အပြစ်ဖြေရာယဇ်ကို ထာဝရဘုရားထံတော်သို့ယူဆောင် ခဲ့သောကြောင့်ဖြစ်သည်။-
ထာဝရဘုရားကမောရှေအား``ထိုသူ အားသေဒဏ်စီရင်ရမည်။ ဣသရေလအမျိုး သားအပေါင်းတို့သည်စခန်းအပြင်၌သူ့ ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်'' ဟု မိန့်တော်မူ၏။-
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းထိုသူကိုစခန်းအပြင်သို့ထုတ် ပြီးလျှင် ကျောက်ခဲနှင့်ပစ်သတ်ကြလေသည်။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသော မြို့များတွင်နေထိုင် ကြသောအခါသင်၏အမျိုးသားထဲမှ၊-
သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
ထိုဒုစရိုက်ကူးလွန်သူကိုမြို့ပြင်သို့ထုတ် လျက် ကျောက်ခဲနှင့်ပစ်သတ်ရမည်။-
သက်သေခံများကထိုသူကိုကျောက်ခဲနှင့် အဦးဆုံးပစ်ပြီးမှအခြားသူများက ကျောက်ခဲနှင့်ပစ်ရမည်။ ဤနည်းအားဖြင့် ထိုဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။''
မိဘတို့က`အကျွန်ုပ်တို့၏သားသည်ခေါင်း မာ၍မိဘကိုတော်လှန်၍ မိဘစကားကို နားမထောင်ပါ။ ငွေကိုဖြုန်းတီး၍အရက် သေစာသောက်ကြူးပါသည်' ဟူ၍လျှောက် ဆိုရမည်။-
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။