ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
တရားဟော 20:15 - Common Language Bible သင်တို့နေထိုင်မည့်ပြည်နှင့်အလှမ်းဝေးသော မြို့များကို ဤနည်းအတိုင်းတိုက်ခိုက်သိမ်းပိုက် ရမည်။ Garrad Bible သင် တို့ နှင့် ဝေး ကွာ လျက် ဆို အံ့ သော လူ မျိုး ခြား တို့ မ ပိုင် ဆိုင် ရာ မြို့ ရွာ များ ကို ထို နည်း အ တိုင်း ပြု ကြ လော့။ Judson Bible ဤလူမျိုးနေသော မြို့မှတစ်ပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဤနေရာ၌ရှိသောလူမျိုးတို့၏မြို့မဟုတ်သည့် အဝေး၌ရှိသောမြို့ရှိသမျှတို့ကိုလည်း ထိုသို့ပြုရမည်။ |
ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
သို့ရာတွင်မိန်းမများ၊ ကလေးများ၊ သိုးနွား စသောတိရစ္ဆာန်များနှင့်မြို့တွင်း၌ရှိသမျှ သောပစ္စည်းများကို သင်တို့အတွက်သိမ်းယူ နိုင်သည်။ ထာဝရဘုရားသည်ရန်သူပိုင်သမျှ ပစ္စည်းအားလုံးကို သင်တို့သုံးစွဲရန်သင်တို့ လက်သို့ပေးအပ်တော်မူ၏။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။-
ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊-