``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။-
အ ကယ် ၍ သင် တို့ က၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ချက် ဟုတ် မ ဟုတ် မည် သို့ ပိုင်း ခြား အံ့ နည်း ဟု အောက် မေ့ ကြ လျှင်
သင်ကလည်း ထာဝရဘုရားမိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့သိနိုင်သနည်းဟု တွေးတောလျှင်၊
သင့်စိတ်ထဲ၌ ‘ထာဝရဘုရားမိန့်မှာတော်မူသောစကားဟုတ်၊ မဟုတ် မည်သို့သိနိုင်မည်နည်း’ဟု ဆိုလျှင်
သို့ရာတွင်ငြိမ်းချမ်းသာယာမှုရှိလိမ့်မည် ဟုကြိုတင်ဟောကြားသည့်ပရောဖက်ကို မူ သူ၏စကားမှန်လျက်နေသည်ကိုတွေ့ရှိ ရသောအခါမှသာလျှင် သူသည်ထာဝရ ဘုရားအမှန်ပင်စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်းအသိအမှတ် ပြုနိုင်ပါလိမ့်မည်'' ဟုဆို၏။
လူအပေါင်းတို့ထာဝရဘုရားသည်မိမိ ကျိန်းဝပ်တော်မူရာသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်မှကြွလာတော်မူမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ဆိတ်ငြိမ်စွာနေ ကြလော့။
ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။''
သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။''
သင်တို့အားခေါ်ယူရွေးကောက်တော်မူသော အရှင်သည်သစ္စာရှိတော်မူသည်ဖြစ်၍ဤသို့ ပြုတော်မူလိမ့်မည်။
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-
သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။-