``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
တရားဟော 17:7 - Common Language Bible သက်သေခံများကထိုသူကိုကျောက်ခဲနှင့် အဦးဆုံးပစ်ပြီးမှအခြားသူများက ကျောက်ခဲနှင့်ပစ်ရမည်။ ဤနည်းအားဖြင့် ထိုဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။'' Garrad Bible သက် သေ ခံ တို့ လက် ရောက် ပြု ပြီး မှ၊ တစ် မျိုး လုံး လက် ရောက် ပြု သ ဖြင့်၊ သေ ဒဏ် ခံ စေ။ သို့ မှ၊ သင် တို့ ဘောင် တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် လိမ့် မည်။ Judson Bible ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံတို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သက်သေထွက်ဆိုသူသည် ထိုသူကိုသတ်ရာတွင် အဦးဆုံးပြုရမည်။ ထို့နောက်မှ ကျန်သောသူအပေါင်းတို့ ပြုရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှ ဖယ်ရှားပစ်ရမည်။ |
``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
ထိုသူတို့သည်ထပ်ကာထပ်ကာမေးမြန်း လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်သည် မော်၍ကြည့်တော်မူလျက် ``သင်တို့အနက် အပြစ်ကင်းသူသည် ဦးစွာပထမသူ့ကို ကျောက်ခဲနှင့်ပေါက်ပါစေ'' ဟုမိန့်တော်မူ၏။-
သူ့ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ သင်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့သော သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်စေရန်သူသည်သွေးဆောင် ခဲ့၏။-
သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
တာဝန်ကျတရားသူကြီးသို့မဟုတ်ယဇ် ပုရောဟိတ်၏စီရင်ဆုံးဖြတ်ချက်ကို မနာ ခံသောသူအားသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်ဣသရေလလူမျိုးမှထို ဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။-
အစွပ်စွဲခံရသူခံရမည့်အပြစ်ဒဏ်ကိုသူ့ အားခံစေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ထိုသို့သောဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။-
ထို့နောက်မြို့သားအပေါင်းတို့က ထိုသားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ ဤနည်းအား ဖြင့်သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။ ဣသရေလအမျိုးသားအပေါင်း တို့သည် ထိုသတင်းကိုကြားရသဖြင့် ကြောက်ရွံ့ကြလိမ့်မည်။''
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
``ယောကျာ်းတစ်ယောက်ကလင်ရှိမယားတစ် ဦးနှင့် ကာမစပ်ယှက်နေသည်ကိုမိလျှင် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်သင်တို့သည်ဤဒုစရိုက်ကို ဖယ်ရှားနိုင်ကြမည်။
သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
``ဣသရေလအမျိုးသားချင်းအားအဋ္ဌမ္မ ဖမ်းဆီး၍ ကျွန်စေစားသူသို့မဟုတ်ကျွန်အဖြစ် ရောင်းသူအားသေဒဏ်စီရင်ရမည်။ ဤနည်း အားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှား နိုင်လိမ့်မည်။
ဂိဗာမြို့၌ရှိသောအဋ္ဌမ္မလူတို့ကိုငါတို့ သတ်၍ဣသရေလလူမျိုးမှ ဤဆိုးညစ်မှု ကိုဖယ်ရှားပစ်နိုင်ရန်ယခုငါတို့လက်သို့ ပေးအပ်ကြလော့'' ဟုပြောကြားစေ၏။ သို့ ရာတွင်ဗင်္ယာမိန်အနွယ်ဝင်တို့သည်အခြား ဣသရေလအမျိုးသားတို့၏စကားကို ဂရုမစိုက်ဘဲ၊-