သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။-
တရားဟော 14:3 - Common Language Bible ``ထာဝရဘုရားကမသန့်ဟုသတ်မှတ်သော တိရစ္ဆာန်ဟူသမျှ၏အသားကိုမစားရ။- Garrad Bible ရွံ ရှာ ဖွယ် ရာ မည် သည် ကို မျှ မ စား ကြ နှင့်။ စား အပ် သော တိ ရ စ္ဆာန် မျိုး မှာ Judson Bible စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင်တို့မစားရ။ မြန်မာ့စံမီသမ္မာကျမ်း စက်ဆုပ်ရွံရှာဖွယ်ရာတစ်စုံတစ်ခုကိုမျှ သင်မစားရ။ |
သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။-
ညဥ့်အခါ၌သူတို့သည်ဂူများသင်္ချိုင်းတွင်း များသို့သွား၍သူသေဝိညာဉ်များနှင့်နှီး နှောတိုင်ပင်ကြ၏။ သူတို့သည်ဝက်သားကို စား၍သူတို့၏အိုးများတွင် မသန့်ရှင်း သောအသားပြုတ်ရည်ရှိကြ၏။-
သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
အဘယ်အစားအစာမျှပကတိအားဖြင့် မညစ်ညမ်းကြောင်းကိုငါသည်သခင်ယေရှု ကိုအမှီပြုလျက်အသေအချာသိ၏။ သို့ သော်လည်းအစားအစာသည်ညစ်ညမ်းသည် ဟုယုံကြည်လျှင်ယုံကြည်သူအဖို့သာညစ် ညမ်း၏။-
သို့ရာတွင်လူတစ်စုံတစ်ယောက်က``ဤအရာ သည်ယဇ်ပူဇော်သောအသားဖြစ်သည်'' ဟု ဆိုပါမူယင်းသို့ပြောဆိုသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုလည်းကောင်းထောက်၍ထို အသားကိုမစားကြနှင့်။-
မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။-